Saturday, January 24, 2009

သားလေးဆိုလို့ စိတ်ပူတယ် ကျွန်မနဲ့တူမှာဆိုလို့

သားဖြစ်နေရက်နဲ့ ဘာလို့ စိတ်ပူမလဲလို့ထင်ကြမယ် လူကြီးမင်းတို့ စဉ်စားကြည့်ပါ။
ကျွန်မက ငယ်ငယ်ကတည်းကခုချိန်ထိ ပေါင်တံလှလှအမျိုးသမီးတွေဆိုကိုင်ချင်တယ်။ အင်း နောက်ထပ်ဆိုးတာကတော့ ဘာမှ လှလှ မလှလှ ရင်သားကြီးကြီးနဲ့ အမျိုးသမီးတွေ တွေ့ရင် မနေနိုင်ပါ။ သိပ်ကိုင်ချင်ပါတယ်။ အခွင့်အရေး ရခဲ့ရင်ကိုင်ပါတယ်။
အင်းသားလေးဆိုရင်တော့ အမှူ့ဖြစ်မယ်ထင်တယ်။
ကျွန်မ တုန်းကတော့ အတိုင်ခံရရုံလောက်နဲ့ ပြီးသွားခဲ့တယ်။ အဟိ။
နောက်မှ ဆက်ရေးတော့မယ် ခင်ပွန်းသည် ဈေးကပြန်လာပြီးမျက်နှာစူပုတ်နေတယ်။ ကျွန်မခုချိန်ထိ ဘာမှ မလုပ်ရသေးလို့ သွားကူလိုက်အုံးမယ်။

သားသားလေး တဲ့

ကိုယ်ဝန် ၂၁ ပတ်ရှိပြီးမို့ ဗိုက်ထဲ့က ကလေးကို အသေးစိတ်ဆေးစစ်ချက် တွေထပ်လုပ်ပါတယ်။
အားလုံး (Normal) လို့ သိရတော့ အတိုင်းထက်အလွန် ၀မ်းသာမိတယ်။ တစ်ခုတောင် စဉ်စားမိတယ် သြော်လူတွေက (Special) ကြိုက်တက်ကြတယ်လေ ဒါမျိုး ဆိုရင်တော့ အားလုံးသော လူတွေက (Normal) ဆိုတာကိုကျွန်မလို့ပဲ မျှော်လင့်ကြမှာပဲလို့။

အမြင်မတူကြပုံ
ကျွန်မရဲ့ ခင်ပွန်းက ကလေးကို အတော်လေး သည်းပုံရပါတယ်။ (Ultrasound) ရိုက်လို့တွေ့ ရတဲ့ အရိုးစုလို ပုံလေးကြည့်ပြီး ကိုယ်တို့ သားလေးက လူချောလေး နော်တဲ့။ တကယ် ကျွန်မမြင်တာကတော့ အရိုးစု လေးပါ။

ခင်ပွန်းသည် ရဲ့ သည်းပုံလေး နည်းနည်းမျှချင်သေးတယ်
ကျွန်မရဲ့ ခင်ပွန်းသည် က ကိုယ်ဝန်ဆောင် စာအုပ်တွေဖတ်ပါတယ်။ အဲဒီတော့ ကိုယ်ဝန်ဆောင် ဖြစ်တတ်တဲ့ သွားဖုံး ကြွတာတို့ ကယ်စီယမ် နည်းပြီးသွေးထွက်တာ သိလာပါတယ်။
အဲနောက်နေ့ မှာတော့ ဖြူရေ့ ကိုယ့်သွားဖုံတွေကြွနေပြီလို့ ပြောပါတယ်။ ခင်ပွန်းသည် က အစားအသောက် ကိုတော်တော် မျိုးစုံ မက်မောတာ အိမ်ထောင်သက် ၄ နှစ်ကျော်ပြီ ဖြစ်တဲ့ ကျွန်မ သိတာပေါ့။ အိမ်မှာ ဟင်း ၃ မျိုးလောက်ရှိနေတာတောင် အမလေး ၀က်သနီ ချက်လေး စားချင်လို့ ဆိုပြီ ဆိုင်တာကာ ပတ်ရှာခဲ့တာပဲ။
ကျွန်မ ကိုယ်ဝန်ရှိလာ ချိန်မှာတော့ တစ်မျိုးပြီး တစ်မျိုး ကျွန်မခင်ပွန်းသည် စားချင်တော့တာပါပဲ။ အုန်းထမင်းစားချင်လိုက်တာတဲ့။
ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ ခင်ပွန်းသည် ကို ကိုကြီး ရူး ပီလို့ ချစ်စနိုးနဲ့ စကြပါတယ်။

အင်း ဒီနေ့လည်း ချစ်သူငယ်ချင်း အပေါင်းနဲ့ (Sentosa) သွားကြမယ်။ ကိုကြီးကတော့ ဘဲပေါင်း၊ ပဲနှပ်၊ ၀က်ကလီစာ နဲ့ ၀ီစကီတစ်လုံး ယူခဲ့မယ်ပြောထားတယ်။

ကျွန်မကတော့ ဘယ်ဘက်ခြေထောက် ကအတော်နာနေလို့ ဈေးတောင် မလိုက်နိုင်ဘူး။
ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ ဆုံရမှာ တွေပြီးပျော်နေမိတယ်။ ခင်ပွန်းသည် က အိမ်မှာပဲ အလုပ်လုပ်တဲ့သူ ဆိုတော့ သူငယ်ချင်းတွေ့ နဲ့ တွေဖို့ ကိုပဲမျှော်လင့်နေတာလေ။ သူပျော်ဖို့ အတွက် ကျွန်မပျော်တာပေါ့။

Sunday, January 11, 2009

မေမေနဲ့ စကားပြောဖြစ်တယ်

အမြဲတမ်း အားပေးတတ်တဲ့ မေမေ။ သတိရတယ် မေမေ။ မေမေ မှာတာတွေ များလွန်းလို့ဘာတွေ ရေးရမလည်းတောင် မသိတော့ဘူး။
အမြဲတမ်း ပေးဆပ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ မေမေ့ မေတ္တာ တွေ အမေ တစ်ယောက်ဖြစ်ဖို့ စတင်နေတဲ့ သမီး မေမေ့ အပေါ် အပြည့်အ၀ နားလည်း နိုင်ပီလား။
ငယ်စဉ်ကလေး ဘ၀ ကတည်းက မေမေဆိုတဲ့ အခေါ် တစ်ခုပဲရင်းနှီးခွင့်ရခဲ့တယ်။ ဒါက ကျွန်မဘ၀ရဲ့ ဖြစ်တည်မှူ့တစ်ခုပေါ့။ နောက်တော့ ကျွန်မ ဘ၀ အကြောင်းတွေ အပြည့်အစုံရေးဖို့ စဉ်စားမိပါရဲ့။ တစ်ချို့ သောစိတ်ဓာတ်ကျ သောသူများအတွက် အားဆေး အဖြစ်ပေါ့။

အုန်းသီး နှစ်လုံး အိမ်မက် မက်ပြန်ပြီ

အသီးတွေပဲ မက်နေလို့ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အသီးလေး လို့ ခေါ်တော့မယ်။

Sunday, January 4, 2009

သားဆိုလို့ ပြောရအုံးမယ်


ထူးထူးခြားခြား အိမ်မက်တွေထဲ့မှာ ဇီးသီးတွေအများကြီးမှည့်နေတာ ကို တွေ့ပြီး အပင်ကခူးတယ် လှုပ်ချတယ်။ ဇီးသီးတွေ က ကြီးလွန်းလို့ ငရုပ်သီး အပွတောင့်တွေလို့တောင်ထင်ရတယ်။
မကြာသေးခင်က အိမ်မက်ကတော့ သရက်သီးမှည့်တွေ အပင်က ခူးတယ် နှစ်လုံးရတယ် တစ်လုံးက မှည့်ပြီး၊ နောက်တစ်လုံးကတော့ နည်းနည်းလေး အမှည့်လိုသေးတယ်။
အင်း ရေတွေပြည့်နေတဲ့ ရေတွင်းထဲက ရေခွက်နဲ့ ခပ်ပြီး စည်ပိုင်းထဲထည့်တယ်။ ရေပြည့်နေတဲ့ ရေတွင်းကို ခဏခဏ မက်တယ်။
အင်း သားဆိုရင်တော့ နည်းနည်း ကွိုင်ရှိမယ်ထင်တယ် ဘာလို့လည်းဆိုတော့ ထူးထူးခြားခြား အဖုတ်တွေ တော်တော်များများ စားမိလို့ပဲ။
၁) ပြောင်းဖူးဖုတ်
၂) အားလူးဖုတ်
၃) ကန်စွန်းဥဖုတ်

ဆရာဝန် က ပြောတယ် သားဖြစ်ဖို့ များသတဲ့

ဘုန်းကြီးဖြစ်မယ့်သားနဲ့ တူပါရဲ့၊ အသားနံ့တွေ မခံနိုင်လို့ အသီးအရွက်တွေချည်း စားနေရတယ်။ အင်း သွေးပေါင်ကလည်းကျနေတယ်။
ဆရာဝန်ပြောင်းပြီးပြရတာ မဆိုးဘူး၊ ဆရာဝန်ပေးတဲ့ စာအုပ်ထဲမှာ ကိုယ်ဝန်ဆောင် ၃၆ ပတ်အထိ ပြည်တွင်းလေယာဉ် စီးလို့ရတယ်။ ပြည်ပက ၃၂ ပတ်ဆိုတော့ ညှိရတာ ပိုအဆင်ပြေနိုင်တယ်။ ညှိလို့မရရင်တောင် ၃၂ ပတ်ဆိုတော့ မဆိုးဘူး။
ဆရာဝန်ခလည်း အတော်လေး သက်သာတယ်။ ဆရာဝန်ကပြောတယ် ကလေးက သိပ်ကျန်းမာတယ်တဲ့။ ကြည့်ရတာ ခြေထောက်နှစ်ချောင်းက ငြိမ်ကို မငြိမ်ဘူး။ ကလေးက အတော် လှုပ်လှုပ်ရှားရှား မြင်ရတော့ ကြည်နူးမိတယ်။
မေမေကတော့ ပြောတယ်၊ ဆေးခန်း ခဏခဏ မသွားနဲ့တဲ့။ ခက်တာက ဒီနိုင်ငံက အနည်းဆုံး တလတခါတော့ ပြရတယ်လေ။ ပြီးတော့ ကလေးအတွက် လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ရတယ်။
၁) ကလေးက Normal လား၊ အဓိက ကတော့ အသက်ကြီးမှ ကလေးယူတဲ့သူတွေအတွက်ပါ။
၂) အိပ်ခ်ျအိုင်ဗွီ၊ ဆီးချို စုံနေတာပဲ စစ်နေတာ။
၃) နောက်ထပ် ကလေးက နှုတ်ခမ်းကွဲနေလား၊ ခြေလက်အင်္ဂါစုံရဲ့လား စစ်ရအုံးမယ်။

တခုတော့ စဉ်းစားမိတယ၊် တကယ်လို့ ကလေးမှာ တခုခုဖြစ်နေ၊ ပါလာရင်ရော မိဘတွေက မချစ်ကြတော့ဘူးတဲ့လား။