Wednesday, February 11, 2009

အပေအတေလင်မယားဘွဲ့ ၇

၂၄ ဇန်န၀ါရီ ၂၀၀၉ နေ့ သူငယ်ချင်းများနှင့်အတူ စန်တိုစာ ကိုသွားကြပါသည်။ ၂၅ ဇန်န၀ါရီ ၂၀၀၉ မှပြန်လာကြသတည်း။
အင်မတန်ပျော်ပါသည်။ အပေအတေလင်မယားဘွဲ့ ၇ခဲ့ပါသည်။ ရေကူးပြီး သဲသောင်ပြင်တွင် အိပ်ပါသည်။ ဆရာဝန်ကုလို့ မရသော ခြေထောက်နာ ရောဂါလုံးဝပျောက်သွားပါသည်။ အင်မတန်ထူးဆန်းပါသည်။





သူငယ်ချင်းအိမ်တွင် ခင်ပွန်းသည်နှင့် ကျွန်မသူငယ်ချင်းများ နို့ညစ်တမ်းကစားနေကြပုံ

၁၇ ဇန်န၀ါရီ ၂၀၀၉ နေ့ သူငယ်ချင်း အတွဲက ရှမ်းခေါက်ဆွဲ နှင့် မုန့်ဟင်းခါး လုပ်ကျွေးသဖြင့် ဖိတ်သည်မှာ တစ်ညနေ့ သူငယ်ချင်းအားလုံးက ညအိပ်ပြီးမှ ပြန်ကြလေသတည်း။
ယောက်ျားလေးယောက် က နို့ညစ်တယ်ကစားနေစဉ်။ မိန်မများက ဖဲရိုက်ကြလေသတည်း။ မနက် ၅ နာရီ ထိုးမှာ အိပ်ကြပါသည်။




သားလေး ကို ဘာဖြစ်စေချင်လည်း

အင်း သားလေးဆိုတာ မသိခင်ကတည်းက သားလေးဖြစ်ခဲ့ရင်တော့ သာသနာပြုခွင့်ရမှာ လို့တွေးခဲ့တယ်။ ခုတော့ သားလေး ဆိုတာကြိမ်သေသွားပြီးဆိုတော့
၁။ ဘာသာရေးကို ကလေးနားလည်းရေးထားတဲ့ ရှင်ဇနကဘိဝံသရဲ့စာအုပ်တွေဝယ်မယ်။
၂။ ရှင်ပြုဖို့ စုမယ်။ သာသနာမှာပျော်ရင်တော့မွေးရကျိုးနပ်ပြီး။
အင်း သူကလေးကဘာဖြစ်လည်းရှိသေးတယ်။ သူဖြစ်ချင်တာကို အကောင်းဆုံးဖြစ်နိုင်အောင်လည်း စဉ်းစားထားရမယ်။
ဘ၀လေးက တိုတောင်းလွန်းတော့ အားလုံးစိတ်ညစ်စရာတွေ မထားဘူး။ ပြသာနာဆိုလည်း တွေ့ပြီးရှင်းတဲ့ လမ်းကိုပဲကြိုက်တယ်။ ရှောင်လွဲတာဟာ အဖြေမဟုတ်ဘူး။

ကိုယ်ဝန်ဆောင်များသိသင့်သော အချက် ၂

၁၃။ စိတ်ကိုရှင်းရှင်းထား၊ မိခင်စိတ်ဟာ ကလေးနဲ့ တိုက်ရိုက်ဆက်နေတယ်။ ကိုယ့်စိတ်မှာဖြစ်သမျှ ကလေးမှာသွာပြီး ထင်ဟပ်တယ်။ တခြားကလေးပုံတွေ အများကြီးကပ်ထားပြီး လျှောက်မကြည့်နဲ့။ သူတို့နဲ့ သွားတူနေတတ်တယ်။ ကိုယ့်ယောက်ျားကိုပဲ များများကြည့်။ မွေးတဲ့အခါ အရမ်းနာနေတဲ့အချိန်မှာ သတိအရဆုံးလူနဲ့ ကလေးက အများဆုံးတူမှာပဲ။ ခင်ပွန်းသည် ၏ အစ်ကိုကပြောပါသည်။ (တကယ်ဟုတ်မဟုတ် လက်တွေ့ စမ်းသပ်မယ် ကိုယ်ကြိုက်တဲ့ ရုပ်ရှင် မင်းသား များများကြည့်မယ်နော်)
၁၄။ အရမ်းလေးသော အရာများမ မသင့်ပါ။
၁၅။ ခရမ်းသီးစား လျင် ကလေးမှာ လေပါတယ်သည်။
၁၆။ ဆီးပြစ်ပြီး၊ ခြေလက်တွေ တစ်ချိန်တည် ရောင်လျင် ဆရာဝန်ကိုပြောပါ။
၁၇။ ဆရာဝန်က အိုင်ယွန် သောက်ခိုင်းသောကြောင့် လည်ပင် နှင့် ချိုင်းကြားတွေမည်းလာတတ်ပါသည် မကြောက်ပါနှင့်။

Sunday, February 8, 2009

ခင်ပွန်းသည်၏ ချစ်သောအစ်ကိုက ဗိုက်ပူမ ပုံကြည့်ချင်သည်ဆို၍




ကိုယ်ဝန်ဆောင်များသိသင့်သော အချက်

၁။ အင်္ဂုလိမာလ သုတ် ကို ကြိုမရွတ်ရ၊ ရွတ်ခဲ့ရင် လမစေ့ပဲမွေး (ခင်ပွန်းသည်၏ မေမေကပြောပါသည်။)
၂။ အရွက်အစိမ်းတွေ မစားရ၊ စားလျှင် သွေးပေါင်တတ်ပါသည်။
သွေးပေါင် = ကလေးမွေးလျင် သွေးဆင်းများပါသည်။ (ခင်ပွန်းသည်၏ မေမေပြော)
၃။ ၀မ်းမချုပ်ရပါ။ ၀မ်းနုတ်ဆေး မစားရပါ။ ၀မ်းမှန်လိုလျင် မကျီးဖျော်ရည် လုပ်သောက်ပါ။
၎။ မိုးချုပ်လျင် ရေမချိုးရပါ။
၅။ ဒူးရင်း သီးစားလျှင် ခလေးဥာဏ် ကောင်းပါသည်။ သို့သော် ကိုယ်ဝန်ဆောင်မှာ မူလ ကတည်းက အပူလွန်း ကာ ဘုများပေါက်တတ်ပါသည်။
၆။ အုန်းရည် သည် ကိုယ်ဝန်ဆောင်၏ ရေမွာ အတွက် အလွန်ကောင်းပါသည်။ ကလေး အသားအရေ အတွက်ကောင်းပါသည်။
၇။ ငရုတ်သီး၊ အပူအစပ် ရှောင်ရပါမည်။
၈။ အညောင်းထိုင် တာရှော့၇မည်။
၉။ လမ်းများများ လျောက်ရမည်၊ မွေးဖွားလွယ်စေရန် အထောက်အကူပြုပါသည်။
၁၀။ ငှက်ပျောသီး စားလျင် ကလေးထွားပါသည်။ ကလေးထွားလျင် မွေးသောအခါ အခက်အခဲရှိနိုင်သည်။
၁၁။ ၀က်သား များများစားလျင် ကလေး ကြီးသောအခါ အစားသောက်မီးလိုတောက်သော (အစားကြူးသော) ကလေး ဖြစ်တတ်ပါသည်။
၁၂။ ကိုယ်ဝန် ၃လ ကျော်သည် အထိအထူး ဂရုစိုက်ရပါသည် ပျက်ကျရန် အင်မတန်လွယ်ကူသောကြောင့်ဖြစ်ပါသည်။ ၄လရောက်မှစကာ လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါသည်။ (လမ်းလျောက်ချင်း၊ ရေကူးချင်း သည် အလွန်ကောင်းပါသည်။) ဆရာဝန်ညွန်းကြားချက်ဖြစ်ပါသည်။
… အများကြီးကျန်အုံးမည် နောက်မှဆက်ရေးပါမည်။ သိသောသူများ ပြောပေးကြပါ။