မလောဂ့်ရတာကြာသွားပြီး လွမ်းလိုက်တာ ဘလော့ဂ်မိတ်ဆွေတို့ရယ် ကျွန်မ အဖြစ်ကတော့ မနှစ်ကနဲ့ မတူပါ။ ခင်ပွန်းသည် နဲ့ အတူ အပြင်ကပြန်လာတော့ မိုးသည်းကြီးမည်းကြီး ရွာတာက အစ မိုးရွာရင် မနေနိုင်တဲ့ကျွန်မ မိုးရေထဲ့မှာ လမ်းလျှောက်ပါတယ်။ ခင်ပွန်းသည် လိုက်စွဲနေတဲ့ကြားက မိုးရေတွေထဲ့ ရွှဲရွှဲစိုပြီးပျော်နေတာပေါ့။ လုပ်ချင်တာ လုပ်ရရင် သိပ်ပျော်တာ သဘာဝပါ။
အင်း မိုးစိုရွှဲနဲ့ ကျွန်မအိမ်ပြန်ရောက်တော့ ရေချိုး လိုက်စွဲလို့မောနေတဲ့ ခင်ပွန်းသည်က သိပ်မစိုပဲ ချမ်းတယ်ဆိုပြီး ရေမချိုးခဲ့ပါ။
ဘာမှတော့ မဖြစ်ပါဘူး ပြီးခဲ့တဲ့ တစ်ပတ်က နှာမွန်ပြီး ဟတ်ခြေ တာရယ် အလုပ်ပင်းပန်းတာရယ် အိမ်ကကွန်ပြူတာရှေ့ထိုင်ခွင့် မရတာတွေကြောင့် မဘလော့ဂ်တာပါ။
ခြေထောက်တွေက ပြန်ရောင်လာပေါ့ တစ်ခါ။ သားသားက လည်း ဗိုက်ထဲ့ မှာ ဆော့ကစားနေတာပေါ့။ တစ်ခါ တစ်ခါ လမ်းလျောက်ရင် ဆက်တောင် လျောက်မရအောင် သားသားက ဗိုက်ထဲ့မှာ ကစားနေတယ်။
ကျွန်မအထင်တော့ တစ်ချိန်လုံး ကွန်ပြူတာ ရှေ့ထိုင်အလုပ်လုပ်နေရတော့ ဗိုက်ထဲမှာ မလွတ်လပ်ပဲ ကျွန်မ မတ်တပ်ရပ်တဲ့အခါများနဲ့ လှဲနေသော၊ အိပ်နေတဲ့ အခါမှာ ဗိုက်ကပိုလွတ်လပ်တယ် ထင်ပါတယ်။ ဒါကြောင့်အဲဒီ အချိန်မှ လှုပ်ရှားရတဲ့သားလေး သနားတောင်သနားမိပါရဲ့။
အော်ဒါနဲ့ ခင်ပွန်းသည်က မေးသေးတယ်ရှင့် ကိုယ်ဝန်ဆောင်ရတာ ဘယ်လိုလည်းတဲ့။ ကျွန်မကတော့ ကျွန်မခံစားရတာ အမှန်အတိုင်းဖြေလိုက်ပါရဲ့ ကိုယ်ဝန်ဆောင်ရတာလည်း ဒုက္ခပေါ့လို့။
Showing posts with label ရင်ထဲရှိတာတွေ. Show all posts
Showing posts with label ရင်ထဲရှိတာတွေ. Show all posts
Friday, April 10, 2009
Tuesday, March 24, 2009
ကီနဲ့ကုတ်
လောကီ လောဘတွေဖြစ်နေတဲ့ အချိန်မှာ PHD တက်ချင်တယ်။
လောကုတ္တရာ အတွေး ငါသေမှာကကြိမ်းသေပဲ သေဖို့ အတွက်ပြင်ဆင်ရမယ် ဆိုတဲ့စိတ်ဝင်နေတဲ့ အချိန်မှာ ဖားအောက်တရားစခန်းကိုပဲ သွားချင်တယ်။
လောလောဆယ်တော့ ဖားအောက်ဘုန်းကြီးကျောင်းမှာ စနေနေ့ ညနေတိုင်း ၇း၃၀ က ၉း၀၀ အထိ အဘိဓမ္မာ လေ့လာနေတယ်။
တကယ်လို့များ မိတ်ဆွေတို့လည်းလေ့လာချင်ရင် လာလေ့လာဖို့ဖိတ်ခေါ်ပါတယ်။
မေလ ၁ ရက်နေ့က စလို့ ၉ ရက် တရားစခန်းလည်းရှိသေးတယ်ရှင့်။ တကယ်လို့များ အချိန်ရ ရင်လေ့လာကြည့်စေချင်တယ်။ ဖိတ်ခေါ်ပါတယ် စမ်းသပ်ကြည့်ကြပါ။
ဆရာတော်နဲ့ ပတ်သက်သော ဆိုက်ဒ်များ
http://www.paauk.org/
http://www.paauktawya.org
http://www.paaukforestmonastery.org/

Subscribe to:
Posts (Atom)