














ဆရာဝန်ရဲ့ လမပြည့်ပဲ မွေးရင် half million ကုန်မယ်တဲ့။ မတတ်နိုင်လို့ ကိုယ်နိုင်ငံ ကိုယ်ပြန်မွေးပါမယ် ဆို။ အင်း စိတ်ညစ်တယ်။
ကိုယ်ပြန်ချင်တာက ကိုယ်ဝန် ၃၄ ပတ်ပြည့်မှ။ ဆရာဝန် က အလုပ် စောစော ထွက်ပြီးပြန်တဲ့။ ဒီ ဆရာဝန်နဲ့တော့ ရှေ့ဆက်ပြလို့ ဖြစ်မယ် မထင်ဘူး။
အမှတ်တရ တွေများတဲ့ ဒီဇင်ဘာ
၁) မင်္ဂလာဆောင် နှစ်ပတ်လည်
၂) ကိုကြီး မေမေ မွေးနေ့
၃) ကိုကြီးကို မွေးနေ့
၎) ဖြူ မွေးနေ့ (မွေးနေ့ မွေးရက် အတိအကျ ပတ်စပို့ နဲ့ မတူ)
အိမ်ထောင်သက် လေးနှစ်ပြည့်ပြီး ကိုယ်ဝန် လေးလ ရှိလာတဲ့ အချိန်မှာ အမှတ်တရလေး ဖြစ်ချင်တာရယ် ဘ၀ မှာ ဖြတ်သန်း ကြုံဆုံ ရတာလေးတွေ ရေးချင်တာရယ် ကြောင့် ဒီ ဘလောဂ်လေး ကို စတင်မွေးဖွား ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။