Showing posts with label စားစရာ အထွေထွေ. Show all posts
Showing posts with label စားစရာ အထွေထွေ. Show all posts

Saturday, March 21, 2009

ဆမူစာကြော်သုပ်၊ ကော်ပြန့်ကြော်သုပ်


ဒီအကြော်သုပ်က သူငယ်ချင်းအိမ်က လုပ်ကျွေးလိုက်ပြီးနောက် ခင်ပွန်းသည် က ခဏခဏ စားချင်တယ် ဂျီကျလွန်းလို့ လုပ်ကျွေးဖြစ်တယ်။
ပဲဟင်းရည်၊ ပူစီနံ (မရရင်တော့) နံနံပင်ပေါ့၊ ဂေါ်ပီလေးပါးပါးလှီး၊ အချည်အတွက် သံပုရာသီး၊ ငရုပ်သီးစိမ်လေးပါးပါးလှီး၊ မြင်းစားပဲပြုပ်၊ ဆမူစာကြော် နဲ့ ကော်ပြန့်ကြော်။
အားလုံးသင့်သလိုရောထည့်ပြီးသုံးဆောင်နိုင်ပါတယ်။




အဆင့်သင့်ကြော်ရုံ လုပ်ပြီးသား ဆမူစာနဲ့ကော်ပြန့် ကို "NTUC" က၀ယ်ပါတယ်။





အိမ်နားကဈေးလေးက မြင်းစားပဲလို့ပဲသိတယ်။ ဘယ်လိုခေါ်သည်မသိ။ အဲဒါလေးကို ဆားလေး နည်းနည်းထည့် ပြုပ်ပါတယ်။



ကော်ပြန့်လေးကို ဇကာလေးထဲထည့်ပြီး အောက်ကရေနွေးငွေ့လေးပေးပြီးပူလိုက်ပါတယ်။
ဒါဆိုရင်တော့ ကော်ပြန့်စိမ်းလေး အချဉ်ရည်လေးထည့်ပြီးသုံးဆောင်နိုင်ပါပြီ။


ဆမူစာနဲ့ကော်ပြန့် ကိုမီးအေးအေးလေးနဲ့ ကြော်ပါ။




ပဲဟင်းရည်အတွက်တော့ အလွယ်လေးပဲလုပ်လိုက်တယ်၊ ပဲမှုန့်ကိုအရည်ဖျော်ပြီးတည် အားလူးလေးတွေစိပ်ပြီးထည့် အားလူးမြန်မြန်နူးအောင် ဆားနဲ့နယ်ထားပြီးထည့်ပါ။




အားလုံးပြီးရင်တော့ ပန်ကန်ထဲထည့်ပြီး အခုလိုပဲ ကျွန်မရဲ့ ကိုကြီးနဲ့အတူသုံးဆောင်နိုင်ပါပြီ။

Saturday, March 7, 2009

မိသားစုနေ့လေးရဲ့ အကြော်စုံ

ကျွန်မရဲ့ စနေ့၊ တနင်္ဂနွေနေ့ တွေကတော့ ကျွန်မတို့ ရဲ့ မိသားစုနေ့ လေးတွေပေါ့။ ဒါနဲ့ အကြော်စုံလုပ်စားဖို့ စိတ်ကူးဖြစ်ခဲ့တယ်။

မိတ်ဆွေ၊ သူငယ်ချင်း၊ အစ်ကို၊ မောင်၊ နှမ အားလုံး စားသုံးကြပါကုန်။

မကျီးသီးနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ အချဉ်ရည်ပေါ့ (မော်လမြိုင် စတိုင်ပါ)













ပဲတီပင်ပေါက်ကြော်













အားလူးကြော်၊ ဘူးသီးကြော် နဲ့ ကြက်သွန်ကြော်













ဒါလေးကတော့ ပုဇွန်ကြော်ပေါ့













ဒါကတော့ ငါးအသားတုံး ကို အတုံးသေးသေးလေးတွေတုံးပြီး ဆန်နှစ်နဲ့ကြော်ထားတာပါ။














ဒါကတော့ လျှက်တပြက် ဟင်းချိုပါ ပဲဇောင်းလျား သီးလေးတွေချိုးပြီး၊ ယောက်ခမ ပို့ပေးထားတဲ့ ငါးကျည်းခြောက်လေး ဖဲ့ထည့်ပြီးတော့ ကြက်သွန်ဖြူလေးထုထည့်ထားတာပါ။











ပဲတီပင်ပေါက် မကြော်ရသေးတာတွေပေါ့၊ အကြော်သုတ်ထဲ ထည့်သုတ်ရင်သိပ်စားလို့ကောင်းတာပေါ့။