Monday, March 30, 2009

ကိုယ်ဝန် ၈ လ ထဲ့မှာရောက်နေပြီ

၂၇ မတ် ၂၀၀၉ မှာ ဆရာဝန်နဲ့ သွားတွေ့ရတယ်။ သားလေးက အခုဆိုဗိုက်ထဲ့မှာ ၁.၆ ကေဂျီ ရှိနေပြီ ဆိုပဲ။ ကျန်းမာသန်စွမ်းတဲ့ သားလေးပါတဲ့။
စိတ်ထဲ့မှာ အတော်လေး လန်းလန်းဆန်းဆန်းရှိတယ်။ ဘာလို့လည်းဆိုတော့ လမပြည့်တဲ့ ကလေးမျိုးမွေးဖို့ မဖြစ်နိုင်တော့ဘူးလေ။
သားလေး ဖွားဖွား ကတော့ပြောပါတယ်၊ ငါတို့မှာ လမပြည့်ပဲမွေးတဲ့ မျိုးရိုး မရှိပါဘူအေတဲ့ (သတိရလိုက်တာ မေမေရယ်၊ အဝေးကနေပဲ ကန်တော့လိုက်ပါတယ်)။
ဒီတခေါက် ဆရာဝန်ဖိုးနဲ့ ဆေးဖိုး စင်္ကာပူ ၂၀၀ လောက်ကျသွားတယ်။
ချစ်တဲ့ ခင်ပွန်းသည်က သောကြာနေ့ဆိုမအားတော့ မလိုက်နိုင်ဘူးလေ။ မိုးကောင်းသူ အဖော်လိုက်ပေးတာ ကျေးဇူးတင်ကြောင်း ဒီပိုစ့်လေးနဲ့ပြောပါစေ။ ဗိုက်ထဲ့က သားသားလေးကလည်း အန်တီ မိုးကောင်းသူကိုကျေးဇူးတင်ပါတယ်တဲ့။

Tuesday, March 24, 2009

ဘလော့ဂ်လိုက်မယ်နော်

အိပ်မပျော်တိုင်း စိတ်ကူးထဲ့မှာဘလော့ဂ်တွေရေးတယ်။
တရားထိုင်လည်း ဘလော့ဂ်တွေရေးနေတယ်။
ဘယ်လိုလုပ်ကြမလည်း။

ခုလည်း မနက် ၂း၃၀ ကတည်းက ဗိုက်ထဲ့က ဗိုလ်ချုပ်လေးကနိုးနေလို အိပ်မရတာရယ်၊ အိပ်မရလို့ စိတ်ကူးနဲ့ဘလော့ဂ်နေတာနဲ့ လက်တွေ့ ဘလော့ဂ်လုပ်နေမိတယ်။
ညနေက မစားလိုက်ရတဲ့ ချစ်သူ့လက်ရာ ငါးဟင်းလေးနဲ့ ထမင်းလေးစားရင်း ဘလော့ဂ်နေတယ်။ စားကြပါအုံးမိတ်ဆွေတို့ရေ့။

မိတ်ဆွေတို့လည်း ထိန်းသိမ်းရခက်တဲ့စိတ်ကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်ကြပါစေလို့ဆုတောင်းရင်း ………..

ပြန်အိပ်လိုက်အုံးမယ် …. မနက် အလုပ်ဆင်းရမယ် … ခေါင်ကြည်မှ ပရိုဂရမ်တွေကရေးလို့ရမှာ ……..

ကီနဲ့ကုတ်

လောကီ လောဘတွေဖြစ်နေတဲ့ အချိန်မှာ PHD တက်ချင်တယ်။
လောကုတ္တရာ အတွေး ငါသေမှာကကြိမ်းသေပဲ သေဖို့ အတွက်ပြင်ဆင်ရမယ် ဆိုတဲ့စိတ်ဝင်နေတဲ့ အချိန်မှာ ဖားအောက်တရားစခန်းကိုပဲ သွားချင်တယ်။
လောလောဆယ်တော့ ဖားအောက်ဘုန်းကြီးကျောင်းမှာ စနေနေ့ ညနေတိုင်း ၇း၃၀ က ၉း၀၀ အထိ အဘိဓမ္မာ လေ့လာနေတယ်။
တကယ်လို့များ မိတ်ဆွေတို့လည်းလေ့လာချင်ရင် လာလေ့လာဖို့ဖိတ်ခေါ်ပါတယ်။
မေလ ၁ ရက်နေ့က စလို့ ၉ ရက် တရားစခန်းလည်းရှိသေးတယ်ရှင့်။ တကယ်လို့များ အချိန်ရ ရင်လေ့လာကြည့်စေချင်တယ်။ ဖိတ်ခေါ်ပါတယ် စမ်းသပ်ကြည့်ကြပါ။

ဆရာတော်နဲ့ ပတ်သက်သော ဆိုက်ဒ်များ
http://www.paauk.org/
http://www.paauktawya.org
http://www.paaukforestmonastery.org/

Saturday, March 21, 2009

ဆမူစာကြော်သုပ်၊ ကော်ပြန့်ကြော်သုပ်


ဒီအကြော်သုပ်က သူငယ်ချင်းအိမ်က လုပ်ကျွေးလိုက်ပြီးနောက် ခင်ပွန်းသည် က ခဏခဏ စားချင်တယ် ဂျီကျလွန်းလို့ လုပ်ကျွေးဖြစ်တယ်။
ပဲဟင်းရည်၊ ပူစီနံ (မရရင်တော့) နံနံပင်ပေါ့၊ ဂေါ်ပီလေးပါးပါးလှီး၊ အချည်အတွက် သံပုရာသီး၊ ငရုပ်သီးစိမ်လေးပါးပါးလှီး၊ မြင်းစားပဲပြုပ်၊ ဆမူစာကြော် နဲ့ ကော်ပြန့်ကြော်။
အားလုံးသင့်သလိုရောထည့်ပြီးသုံးဆောင်နိုင်ပါတယ်။




အဆင့်သင့်ကြော်ရုံ လုပ်ပြီးသား ဆမူစာနဲ့ကော်ပြန့် ကို "NTUC" က၀ယ်ပါတယ်။





အိမ်နားကဈေးလေးက မြင်းစားပဲလို့ပဲသိတယ်။ ဘယ်လိုခေါ်သည်မသိ။ အဲဒါလေးကို ဆားလေး နည်းနည်းထည့် ပြုပ်ပါတယ်။



ကော်ပြန့်လေးကို ဇကာလေးထဲထည့်ပြီး အောက်ကရေနွေးငွေ့လေးပေးပြီးပူလိုက်ပါတယ်။
ဒါဆိုရင်တော့ ကော်ပြန့်စိမ်းလေး အချဉ်ရည်လေးထည့်ပြီးသုံးဆောင်နိုင်ပါပြီ။


ဆမူစာနဲ့ကော်ပြန့် ကိုမီးအေးအေးလေးနဲ့ ကြော်ပါ။




ပဲဟင်းရည်အတွက်တော့ အလွယ်လေးပဲလုပ်လိုက်တယ်၊ ပဲမှုန့်ကိုအရည်ဖျော်ပြီးတည် အားလူးလေးတွေစိပ်ပြီးထည့် အားလူးမြန်မြန်နူးအောင် ဆားနဲ့နယ်ထားပြီးထည့်ပါ။




အားလုံးပြီးရင်တော့ ပန်ကန်ထဲထည့်ပြီး အခုလိုပဲ ကျွန်မရဲ့ ကိုကြီးနဲ့အတူသုံးဆောင်နိုင်ပါပြီ။

Thursday, March 12, 2009

လောကကြီးမှ သင်ယူခွင့်ရရှိသော ဘာသာရပ်အသစ်တခု

ကိုယ်ဝန်ရှိလာခြင်းနဲ့ပတ်သက်ပြီး လောကကြီးမှ သင်ယူခွင့်ရရှိသော ဘာသာရပ်အသစ်တခု သင်ကြားခွင့်ရတယ်လို့ ခံစားရတယ်။ လူတိုင်း ဒီအခွင့်အရေး မရနိုင်ဘူးဆိုတာ အားလုံးအသိပါ။ အိမ်ထောင်ရှိတာတောင် မိန်းမမှာသာ အထူးရရှိတဲ့ အခွင့်အရေးလို့ ပြောရမလားပဲ။

ကိုယ်က ပညာရေးမှာ ကံကောင်းစွာ မြန်မာပြည်မှာကတည်းက ပညာသင်ဆု ရခဲ့ဖူးလေတော့ အခုလည်း လောကကြီးက ကိုယ့်ကို ဒီဘာသာရပ်နဲ့ပတ်သက်ပြီး သင်ကြားခွင့် ပညာသင်ဆုပေးတယ်လို့ ခံယူမိတယ်။

ကိုယ်တို့ နှစ်ဦးသဘောတူ ကလေးယူတုန်းက မရဘဲ၊ လောလောဆယ် ကလေးမယူသေးဘူး၊ မတ်လမှာ မြန်မာပြည်ပြန်ပြီး တလ တရားစခန်းဝင်မယ်ပြောပြီး ရုံးကိုတောင် ခွင့်ကြိုတင်ဖို့ ပြောပြီးကာမှ ကိုယ်ဝန်ရှိနေမှန်း သိရတယ်။ ဖြစ်ချင်တော့ မနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ သွေးလှူဖြစ်သေးတယ်။ သွေးလှူပြီးရင် ထုံးစံအတိုင်းဖြစ်တတ်တဲ့ တလ၊ နှစ်လ ဓမ္မတာပျောက်လေ့ရှိတော့ စက်တင်ဘာလမှာ ပုံမှန်မလာတာကို ရိုးရိုးလို့ပဲ အောက်မေ့မိတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ရှိမရှိစစ်တဲ့ ကိရိယာလေးနဲ့ စစ်ကြည့်တော့လည်း ဘာမှမပေါ်သေးဘူး။ ဒါနဲ့ပဲ ပုံမှန်အတိုင်း သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ရင်၊ စိတ်လိုလက်ရလည်းရှိတယ်ဆိုရင်၊ ပျော်ပျော်ပါးပါးဖြစ်ရင် တခွက်တဖလား သောက်ဖြစ်သေးတယ်။

နောက် အဲဒီအချိန်မှာ ကိုယ်ဖတ်နေတဲ့စာအုပ်က အရှင်ဇနကာဘိဝံသရဲ့ “တစ်ဘ၀သာသနာ” စာအုပ်။ သိပ်သဘောကျတဲ့စာအုပ်ပေါ့။ အဲဒီစာအုပ်ထဲမှာ ဆရာတော်က သူ့ရဲ့စာသင်သားသံဃာ ၅၀၀ ကျော်ကို ညနေဘက် ချင်းနဲ့ ထန်းလျက် ပြုတ်တိုက်တယ်လို့ပါတယ်။ ဒါနဲ့ ကိုယ်လည်း စိတ်ကူးရပြီး ကော်ပီကူးတာပေါ့လေ၊ ချင်းနဲ့ထန်းလျက် ပြုတ်သောက်လိုက်သေးတယ်။

စက်တင်ဘာအစောပိုင်း ရောက်လာတော့ လူက အလိုလိုနေရင်း ပင်ပန်းတာရယ်၊ မကြာခဏ အန်တာရယ်ကြောင့် အစာအိမ်တခုခုဖြစ်သလားဆိုပြီး အောက်မေ့မိတယ်။ နောက်ဆုံးတော့ ဘယ်လိုမှမသင်္ကာတာနဲ့ပဲ ထပ်စစ်လိုက်တော့ လားလား… စစ်တဲ့ကိရိယာလေးမှာ နှစ်ကြောင်းပေါ်နေပါရောလား…..။ ဧည့်သည်လေးတယောက်တော့ ကိုယ့်တို့ကမ္ဘာလေးထဲလာဖို့ ကိုယ့်ဗိုက်ထဲမှာ အစပြုနေပါရောလား။ အဲဒီသတင်းလည်းကြားရော ချစ်ခင်ပွန်းသည်ကတော့ ပျော်နေလိုက်တာလေ။ ကိုယ်ကလည်း ကိုယ်ဝန်ရှိလာပြီဆိုတော့ ရှိစေတော့ပေါ့၊ လာချိန်တန်လို့ လာတာပဲလေ ဆိုပြီးတော့ သဘောထားလိုက်ပါတယ်။

ကိုယ် မြန်မာပြည်ခဏပြန်ပြီး ဖားအောက်မှာ တရားစခန်းဝင်မယ့်ကိစ္စလေးတော့ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်သေးဘူးပေါ့လေ။ ဒါပေမယ့် တရားနာဆဲ၊ တရားစာအုပ်တွေကတော့ ဖတ်ဖြစ်ဆဲပါပဲ။ ကံကောင်းထောက်မချင်တော့ အင်မတန်မှ လေ့လာချင်နေတဲ့ အဘိဓမ္မာကိုလည်း လေ့လာခွင့်ရဦးမယ်။ စနေနေ့တိုင်း ည ၇း၃၀ ကနေ ၉ နာရီအထိ ဒီက ဖားအောက်ဘုန်းကြီးကျောင်းမှာ သင်ပေးနေတယ်တဲ့။

ကိုယ်ဝန်ရှိလာတာနဲ့ ပတ်သက်လို့ လောကကြီးက ကိုယ့်ကို ဘာတွေပေးသလဲ၊ တခါမှ မသိဘူးတဲ့ အသိတွေကို နားလည်နိုင်ဖို့ ပေးပါတယ်။ ဒါကတော့ ဗိုက်ကြီးရတဲ့ဒုက္ခပေါ့။ ဗိုက်ထဲမှာနေရတဲ့ဒုက္ခလည်း မလွယ်ဘူးဆိုတာ ခံစားသိရှိပြန်တယ်။

ကိုယ်ဝန်ဆောင်ကာစ အစောပိုင်းကာလမှာတော့ ဘာမှမစားချင်သလို အနံ့တွေနဲ့ ပတ်သက်ရင် ဘယ်လိုမှ မခံနိုင်ဘူး။ ပထမ ကိုယ်ဝန်ရှိမှန်း မသိသေးတဲ့အချိန်မှာ အစိမ်းရောင်ပန်းသီးတွေကို မက်မက်မောမော စားနေမိတယ်။ နောက် ကိုယ်ဝန်ရှိမှန်းသိပြီးတဲ့ ဒုတိယလမှာ စတော်ဘယ်ရီသီးတွေကို ဆားနဲ့တို့ပြီး နှစ်နှစ်ခြိုက်ခြိုက် စားမိတယ်။ ထမင်း ဟင်းတွေဆို လုံးဝမကြည့်ချင်ဘဲ ၃ လကျော်တဲ့အထိ မကြာခဏ ထိုးထိုးအန်နေတတ်တယ်။ ထူးခြားတာက အလိုလိုနေရင်း ပင်ပန်းနေတာပါပဲ။

ဗိုက်ထဲမှာ လူသားလေးစဖြစ်ရတာ ဘယ်လွယ်မှာလည်းနော်။ လူသားလေးရဲ့ ခန္ဓာအစိတ်အပိုင်း စဖြစ်ချိန်မှာ ရင်ဘတ်အောင့်တဲ့ဝေဒနာ စခံစားရတယ်။ ဒါနဲ့ပဲ ကိုယ်ဝန် ၄ လကျော်လာတော့ ပုံမှန်ပြန်စားလာနိုင်တယ်။ အစပ်တို့၊ ယမကာတို့ကတော့ အလိုလိုနေရင်း ရှောင်နေမိသားဖြစ်သွားတယ်။ သြော် အထဲက ရင်သွေးလေး မျက်စိကောင်း၊ ဉာဏ်ရည်ကောင်းဖို့အတွက် ဆေးတွေကလည်း သောက်ရပါသေးတယ်။

ဒီလိုနဲ့ ၅ လရောက်လာတော့ ထူးဆန်းတဲ့အဖြစ်တခု စလာပြန်သေးတယ်။ လူသားလေးအတွက် ပြင်ဆင်နေတဲ့ နို့ရည်က အဆင်သင့်ဖြစ်နေပြီလေ။ တညသား ရုတ်တရက် ရင်ဘတ်မှာစိုနေတော့ လန့်သွားပြီး သိတဲ့လူကြီးတွေကို မေးမြန်းစူးစမ်းရတယ်၊ ပုံမှန်ဟုတ်၊ မဟုတ်။ ဒါတွေကတော့ ကိုယ့်အတွက် ဘာသာရပ် အသစ်စက်စက်တွေလေ။

ဒီလိုနဲ့ ကိုယ်ဝန် ၆ လထဲရောက်လာပါပြီ။ အဲဒီမှာ တခါ ခြေ၊ လက်တွေရောင်ပြီး မျက်နှာ နည်းနည်း အမ်းလာတာပါပဲ။ ဒါနဲ့တခါ မေးကြည့်ပြန်တော့ တချို့က ၃ ခါရောင်ပြီးရင် မွေးတတ်တယ်လို့ ပြောလို့ အထိတ်တလန့် ဖြစ်ခဲ့ရသေးတယ်။ မေးမိတဲ့အချိန်မှာ ကိုယ်က ၂ ခါရောင်ပြီးပြီဆိုတော့ ဒီတခါရောင်ပြီးလို့များမွေးရင် လမစေ့ပဲမွေးတဲ့ကလေး ဖြစ်တော့မှာပဲဆိုပြီးတော့ပေါ့။ ဒီနိုင်ငံမှာလမစေ့ဘဲမွေးရင် ပြဿနာက ငွေကြေးလေ၊ ကုန်ကျစရိတ်က ကိုယ်ဘယ်လိုမှ လက်လှမ်းမမီနိုင်လောက်တဲ့ ပမာဏ ကုန်မယ်တဲ့။ နောက်တော့မှ ခြေတွေလက်တွေရောင်တာ ကိုယ့်အလုပ်အနေအထားကြောင့် သွေးကျပြီးရောင်တယ်ဆိုတာရယ်၊ ၃ ခါရောင်ပြီး မွေးတယ်ဆိုတာ လွဲမှားတဲ့အယူအဆတခုဆိုတာရယ် သိရတော့မှပဲ စိတ်အေးမိတော့တယ်။ အခုတော့လည်း မကြာခဏ ရောင်ရောင်နေလို့ စိုးရိမ်တဲ့စိတ် သိပ်မရှိတော့ပါဘူး။

တခုပဲပြောစရာရှိတာက ဒီတလော ဘာဖြစ်တယ်မသိ၊ ထစ်ခနဲဆို မျက်ရည်က အရင်ကျမိနေတယ်။ စိတ်ဓာတ်ကျတာမဟုတ်ပေမယ့် ၀မ်းနည်းတဲ့ဓာတ်ခံက ပိုများနေသလိုပဲ။ ဒါလည်း ကိုယ်ဝန်သည်အများစု ဖြစ်တတ်တဲ့လက္ခဏာတရပ်ပဲတဲ့၊ အင်း… ကိုယ့်အတွက် ဘာသာရပ်အသစ်တခုပေပဲပေါ့။

အခု ကိုယ်ဝန်က ၇ လထဲမှာ။ ဒီတခါကြတော့ ခါးက နာနာလာတယ်။ အိပ်ရတာ အဆင်မပြေဘူး။ အထဲကသားလေးက လှုပ်လှုပ်ရှားရှားလုပ်ရင် ကိုယ်လည်း ခံစားသိနဲ့ သိတတ်နေပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီထူးခြားမှုကို ဘာသာရပ်အသစ်တခုအနေနဲ့ နှစ်နှစ်သက်သက် သင်ယူနေမိတယ်။

ကိုယ်က တနေ့တနေ့ ထိုင်တာများတာရယ်၊ ကိုယ်အလေးချိန် တက်တာရယ်ကြောင့် မြီးညှောင့်ရိုးက ဆိုးဆိုးဝါးဝါး နာကျင်ခံစားရတယ်။ အဲဒါကတော့ ကိုယ့်အတွက် ဆိုးဝါးတဲ့၊ သင်ယူလက်ခံဖို့ခက်တဲ့ ဘာသာရပ်တခုပါပဲ။ ဘာပဲဖြစ်ဖြစ်လေ အခုအချိန်မှာ ကိုယ်တိုင်ရွေးချယ်ခဲ့ပြီးသားမို့ ကြိုက်တဲ့ဘာသာရပ်ရော မကြိုက်တဲ့ဘာသာရပ်ရော ကျေညက်စွာ သင်ယူရပေဦးတော့မယ်။

Saturday, March 7, 2009

သူငယ်ချင်းရဲ့ မင်္ဂလာပွဲ






စံမင်းတို့ မင်္ဂလာပွဲ

ဗိုက်ထဲက သားသားလေး



သားသားလေးရေ့ ဗိုက်ထဲ့မှာနေရတာ အနေခက်ရှာမှာပဲနော်။ အင်း မေမေ့ အလုပ်ကလည်း မနက် ၉း၀၀ နာရီက စထိုင်လိုက်တာ တစ်ခါတရံ ည ၁၁ နာရီတောင်ဖြစ်တယ်။ ဒါတောင်ပိုင်ရှင်က (Research) လုပ်ပါအုံးဆိုတယ်။ အင်း ဒီအတိုင်းဆို (Project) အသစ်တွေမှာ မထဲ့ဖို့ ပိုင်ရှင်ကို သွားတွေ့ခဲ့တယ် မထူးခြားပါဘူး သားရယ် ပင်ပန်းလို့ စောစော နားချင်နားပါတဲ့ ဒါပေမဲ့ ဒီ (Project) မှာတော့ လုပ်ပေးပါအုံးတဲ့။ ဒါနဲ့ပဲ ဆက်လုပ်ပေါ့။
အင်းပိုင်ရှင်က ဒီနှစ် (Bonus) မပေးဘူး။ အင်း တကမ္ဘာလုံးစီးပွားရေးကျနေတဲ့ အချိန်ဆိုတော့ လည်း အလုပ်မဖြုတ်တာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
ကိုယ်ဝန်နဲ့ဆိုတော့ တစ်ခြား အလုပ်ရှာဖို့ မဖြစ်နိုင်။ ဒီနိုင်ငံ ဥပဒေ အရ ရက်ပေါင်း (၁၆၀) အလုပ်လုပ်ထားမှ မီးဖွားခွင့်ရမှာ ဆိုတော့။ အင်းသားလေးရေ့ ကြိုးစားရအုံးမှပေါ့။

မိသားစုနေ့လေးရဲ့ အကြော်စုံ

ကျွန်မရဲ့ စနေ့၊ တနင်္ဂနွေနေ့ တွေကတော့ ကျွန်မတို့ ရဲ့ မိသားစုနေ့ လေးတွေပေါ့။ ဒါနဲ့ အကြော်စုံလုပ်စားဖို့ စိတ်ကူးဖြစ်ခဲ့တယ်။

မိတ်ဆွေ၊ သူငယ်ချင်း၊ အစ်ကို၊ မောင်၊ နှမ အားလုံး စားသုံးကြပါကုန်။

မကျီးသီးနဲ့ ကိုယ်တိုင်လုပ်ထားတဲ့ အချဉ်ရည်ပေါ့ (မော်လမြိုင် စတိုင်ပါ)













ပဲတီပင်ပေါက်ကြော်













အားလူးကြော်၊ ဘူးသီးကြော် နဲ့ ကြက်သွန်ကြော်













ဒါလေးကတော့ ပုဇွန်ကြော်ပေါ့













ဒါကတော့ ငါးအသားတုံး ကို အတုံးသေးသေးလေးတွေတုံးပြီး ဆန်နှစ်နဲ့ကြော်ထားတာပါ။














ဒါကတော့ လျှက်တပြက် ဟင်းချိုပါ ပဲဇောင်းလျား သီးလေးတွေချိုးပြီး၊ ယောက်ခမ ပို့ပေးထားတဲ့ ငါးကျည်းခြောက်လေး ဖဲ့ထည့်ပြီးတော့ ကြက်သွန်ဖြူလေးထုထည့်ထားတာပါ။











ပဲတီပင်ပေါက် မကြော်ရသေးတာတွေပေါ့၊ အကြော်သုတ်ထဲ ထည့်သုတ်ရင်သိပ်စားလို့ကောင်းတာပေါ့။

ချစ်သူများနေ့တဲ့

သူများတွေက ချစ်သူများနေ့ ဆိုတော့ ကိုယ်ရဲ့ ချစ်သူလေးကိုဘာဝယ်ပေးရင်ကောင်းမလဲ စဉ်စားမိတယ် ဒါနဲ့ ကိုယ်ချစ်သူလေး လိုချင်နေတဲ့နာရီကောင်းကောင်းဝယ်ပေးမယ် စိတ်ကူးမိတယ် အင်း နာရီကောင်းကောင်း က ဈေးတော့အကြီးသား ဒါပေမဲ့ ၀ယ်ပေးဖို့ စဉ်စား လိုက်တယ် သူငယ်ချင်းတွေကိုလည်း တိုင်ပင်ပြီး နေ့လည် ထမင်းစားချိန် လိုက်ရွေးပေးဖို့ ပြောလိုက်တယ်။ ညနေဘက်က ချစ်သူလေးကို လာကြိုဖို့ပြောထားတယ်လေ။ ဒီလိုနဲ့ နေလည် သွားဝယ်မယ် အစီအစဉ်လေး မဖြစ်တော့ ညနေရောက်တော့ သူငယ်ချင်းတွေက သွားဝယ်ဖို့ပြောတယ်။ ဒါနဲ့ပဲ ကိုယ်လည်း ချစ်သူလေးနဲ့ပဲသွားတော့မယ် သူကိုယ်တိုင်ပဲ ကြိုက်တာရွေးစေတော့။

ကဲဒီလိုနဲ့ နာရီဆိုင်တွေလိုက်ကြည့်ပီ နောက်ဆုံးတော့ ချစ်သူလေး က နာရီ မယူတော့ ဘူး ဖိနပ် ၀ယ်ပေးပါတဲ့။

ဒါနဲ့ ဖိနပ် ရှာကြလေ သတည်းပေါ့။ ချစ်သူလေးရဲ့ ခြေထောက်က သိပ်တော့ မကြီးပါဘူး နံပတ် ၄၅ စီးလို့ မရဘူး တဆိုင်လုံး စိတ်ညစ်အောင် ရှာ တာတောင် ဖိနပ်ကိုရွေးချယ်ခွင့် သူ မရရှိပါဘူး ဖိနပ်ကပဲ သူကို ရွေးလေ့ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စီးလို့ရတဲ့ ဖိနပ်ပဲ သူယူခွင့်ရတာကိုး။

စကိုင်လိုက်တုံး ကတော့ ၄၉ ဒေါ်လာပေါ့ တကယ်ယူ လိုက်ရတာတော့ ၁၄၉ ဒေါ်လာပါ။
အဟတ် ချစ်သူများနေ့မှာ ချစ်သူအတွက် ၁၄၉ ဒေါ်လာတန်ဖိနပ်။


အပြင်မရောက်လာသေးတဲ့ သားသားလေး အတွက် ခေါင်အုံးနဲ့ ခွခေါင်အုံးလေး ၁၂၀ ကို ၇၀% လျော့ဈေးရလို ၂၉ဒေါ်လာနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်။


ကိုယ်အတွက်တော့ ချစ်သူလေးက သဘက်အင်္ကျီလေး ၀ယ်ပေးတယ်။

အင်းချစ်သူများနေ့မှာ ချစ်သူများ ပျော်ရွင်ကြပါစေ။ အင်း ဘာပဲဖြစ်ဖြစ် ကိုယ်ပိုက်ဆံအိတ်လေး လည်း ပိန်သွားပြီး။