Tuesday, June 30, 2009

သားလေး ၁ လပြည့် ဂတုံးရိတ်ပြီး နှင့် မရိတ်ခင် ဓာတ်ပုံများ

ဂတုံးရိတ်ပြီး ဓာတ်ပုံ ၁
ဂတုံးရိတ်ပြီး ဓာတ်ပုံ ၂
ဂတုံးရိတ်ပြီး ဓာတ်ပုံ ၃

ဂတုံးရိတ်ပြီး ဓာတ်ပုံ ၎
ဂတုံးမရိတ်ခင် ဓာတ်ပုံ ၁

Friday, June 26, 2009

သားက ဒီလိုမျိုး လွတ်လွတ်လပ်လပ် အိပ်တာကိုကြိုက်တယ်

နို့စို့ရင်း အိပ်ပစ်လိုက်တယ် (၂၅ ရက် သား)

ဆေးခန်းသွားမယ်ဆိုလို့ အိပ်ပစ်လိုက်တယ် (၁၈ ရက် သား)

ပုခက်ထဲရောက်တော့ အိပ်ချင်တော့ဘူး (၁၇ ရက် သား)


သားကအိပ်ရင် ဒီလို လက်တွေကို ဆန့်ထုတ်ပစ်လိုက်တာပဲ (၁၅ ရက် သား)

အန်တီမိုးကောင်းသူ က လွမ်းတယ် ဆိုလို့ ဘလော့ဂ်ပေါ်တက်လာတာ။ မေမေ က နည်းနည်း စိတ်ညစ်နေလို့ ကွန်ပျူတာ မကိုင်ဖြစ်ဘူး။

Saturday, June 13, 2009

၇ ရက်သားလေး အဂ္ဂဘုန်း ဓာတ်ပုံ

၇ ရက်သားလေး အဂ္ဂဘုန်း
ဖွားဖွားပေါ်မှ အဂ္ဂဘုန်း

Thursday, June 11, 2009

သားသားလေးနဲ့ ကလေးအသားဝါ ကြောင်းသိကောင်းစရာ

ကျမကိုယ်တိုင်က ကျန်းမာရေး အသိမရှိတဲ့ အတွက်ကြောင့် သားသားလေး အသားဝါသွားရပါတယ်။ ဒါကြောင့် သားသားလေးမှ မဟုတ် ကလေးတစ်ယောက်ရှိလာရင် သိထားသင့်သော ကလေးအသားဝါကြောင်း ကျမသိသလောက်ဖြန့်ဝေလိုက်ပါတယ်။

ကလေးတွေဟာ မိခင်ဝမ်းထဲမှာတော့ မိခင်ချက်ကြိုးမှ တဆင့်စားစရာကို လိုသလောက်ရရှိနေပါတယ်။ ဒီလိုနဲ့ အပြင်လောကကိုစတင်ရောက်ရှိလာတဲ့ အချိန်မှာတော့ ကလေးတွေက ကိုယ်တိုင်သောက်ယူပြီ ကိုယ်တိုင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာတွေကအလုပ်လုပ်ရပါတယ်။ ဒီအခါမှာတော့ အဆင်သင့် မဖြစ်တတ်တာကတော့ အသည်းပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒညင်းသီး မစားတာကောင်းဆုံးပါ။ ဘာကြောင့်လည်းဆိုတော့ အသည်းက ကိုယ်ဝန်ဆောင်ချိန်မှာ အဆင်သင့်မဖြစ်သေးလို့ပါ။

ကလေးတွေက သူတို့ စားသင့်တဲ့အချိန် ကိုယ်သူတို့ မသိပါဘူး။ အိပ်နေတာ ကောင်းတယ်ဆိုပြီ ကျမလိုကလေးတွေကို ပစ်မထားကြပါနဲ့။ အသားဝါ တတ်ပါတယ်။ ကလေး အများစုမှာဖြစ်တတ်တဲ့ရောဂါပါ။ စင်္ကာပူနိုင်ငံမှာတော့ ပုံမှန်က ၁၀၀ ရှိပြီ ၁၀၀ ထက်ပိုသွားရင်တော့ ကလေးမှာ အသားဝါရှိနေပြီလို့ ပြောပါတယ်။ ကလေးက မွေးကစ မှာကတည်းက အသားဝါပါလာရင်တော့ ဖန်ပေါင်ချောင်းလေးထဲမှာ မီးတွေဖွင့်ပြီထားပါတယ်။ တကယ်လို့ မွေးကတည်း ဘာမှ မဖြစ်ဘူး ဥပမာ ကျမလို ဆေးရုံကဆင်းလာမှာ မိခင်နို့ပဲ တိုက်တဲ့ ကျမ ကလေးအိပ်နေတာ ကိုကောင်းတယ်ဆိုပြီး နို့တိုက်နှူန်းလျော့သွားပြီး ကလေးက ရှူးပေါက် အီးပါ နည်းလာပါတယ်။ ဒါဆိုရင်တော့ အသားဝါဖို့ ကြိမ်သေးသလောက်ဖြစ်နေပါပြီ။ ကျမ သားလေးကို စစ်လိုက်တဲ့ အချိန်မှာတော့ အသားဝါ ၁၈၂ ဖြစ်နေပါတယ် ၄ ရက်သားပေါ့။ ကျမရဲ့ စိုးရိမ် မူ့တွေ့ကတော့ မပြောပါနဲ့တော့ ပူလောင်နေတာပါပဲ။ ဆရာဝန်မလေးကတော့ နောက်နေ့ ထပ်ချိန်ပါတယ်။ မိခင်နို့တင် မဖြစ်တော့လို့ နိုးဘူးပါကူ အချိန်တိုင်းနိုးပြီး တိုက်ရပါတယ်။ သူကလေး ချီးပါ သေးပေါက်လုပ်တိုင်း ထီပေါက်သလို ပျော်နေကြတာ သားလေး ဖိုးဖိုး၊ ဖွားဖွား၊ ဖေဖေ နဲ့ ကျမ တို့ မိသားစုပါ။
ဒီလို့နဲ့ ၅ ရက်မြောက်နေ့ သွားစစ်လိုက်ပြန်တော့ ၁၈၃ တဲ့ ကျမ ငိုချင်လိုက်တာ အရမ်းပါပဲ။ ဒီအသားဝါက အမတန်မှ ကျဖို့ ခက်သတဲ့။ ဘယ်လို့ လုပ်ရပါ့

၁) ကလေး ကို နှစ်နာရီခြား (သို့) ၃ နာရီခြား တစ်ခါ နို့တိုက်ပါ။
၂) ကလေး သေးပေါက်၊ ချီးပါ မှန် မမှန်စစ်ပါ။
၃) မနက်နေ ၈ နာရီ နဲ့ ညနေနေ ၄ နာရီ ကျော်ရင် နာရီဝက်လောက် ပြပေးရပါတယ်။
၎) ကလေး ကို ပုံမှန် ရေချိုးပေးရပါတယ်။

ဒီလိုနဲ့ ဆရာဝန်မ က တရက်ခြားပြီး ထပ်လာခိုင်းပါတယ်။ ဒီလိုနဲ့ သားသား ၇ ရက်မြောက်နေ့မှာ စစ်လိုက်တော့ ၁၈၄ တဲ့။ အိုး .... ကျမ စိတ်ဆင်းရဲ လိုက်တာ သားသား လေးကို အသားဝါ စစ်ဖို့ ခြေဖနောက်လေးက ဖောက်ပြီး ပိုက်သေးသေးလေးနဲ့ နှစ်ချောင်းယူတာလည်း သနားစရာ အရမ်းကောင်းပါတယ်။ အသားဝါ ကလည်းမကျ။ ဒါပေမဲ့ ဒီတစ်ခါ စစ်တာကတော့ ဆရာဝန်ပေါ့။ ဆရာဝန်က သိပ်စိတ်မပူပါနဲ့တဲ့ ကလေးတိုင်းဖြစ်တတ်ပါတယ်တဲ့ ပုံမှန် အထက်က အချက် ၄ ချက်လုပ်ဖို့ပြောလိုက်ပါတယ်။

ဒီနေ့တော့ သားသားလေး ကို အသားဝါထပ်စစ်တဲ့နေ့ပေါ့ ဒီနေ့ဆိုသားသားလေးက ၁၁ ရက်ပြည့်ပြီးလို့ ၁၂ ထဲရောက်နေပေါ့ ကဲ အသားဝါ အဖြေကြည့်လိုက်တော့ ၁၃၇ တဲ့ ပုံမှန် မဟုတ်သေးပေးမဲ့ ကျသွားလို့ အတော်ဝမ်းသာမိပါတယ်။ နောက်တစ်ပတ် ထပ်ပြရအုံးမယ်။
သားရေ့ သောက်လိုက်ပါ နို့ များများ၊ ပါလိုက်ပါ ချီးများများ နဲ့ ပေါက်လိုက်ပါ သေးများများ ...........

အဟဲ ချီးပါ သေးပေါက်ပြီး သား ၇ ရက် ၈ ရက် သားမှာ သူအဖေတယောက် အထက်လှန်အောက်လျောဖြစ်သွားပါတယ်။ ကျမကတော့ နို့ညစ်တာများလို့ သွေးပေါင်ကျပါတယ်။ ဘာပဲဖြစ်ဖြစ် သားလေး ကျန်းမာဖို့က အဓိကပါ။


Jaundice

What Is Jaundice?

Jaundice is the yellow colour seen in the skin of many newborns and happens when a chemical called bilirubin builds up in baby's blood. It can occur in babies of any race.

Why Does My Baby Have Jaundice?

Bilirubin in the blood is normally removed by the liver. Before birth, the mother's liver does this for the baby.

Jaundice is coomon in newborns because their immature livers require a few days to develop before it can eliminate the bilirubin efficiently.

Can Jaundice Harm My Baby?

Most infants have mild jaundice that is harmless. However, in some infants, the bilirubin level can be very high and this may cause brain damage.

Hence, newborns should be checked carefully for jaundice and treatment should be administered to prevent a high level of bilirubin.

How Can I Tell If My Baby Is Jaundiced?

The best way to detect jaundice is to place the baby in good light such as daylight or fluorescent lights. The skin of the baby with jaundice usually appears yellow, first in the face, thereafter moving downwards to the chest, abdomen, arms and legs as the bilirubin level increases.

The whites of the eye may also appear yellow. In tanned skin babies, jaundice may be hard to detect visually.

How Should My Baby Be Checked For Jaundice?

If your baby appears jaundiced in the first few days of life, the doctor may conduct a blood test to determine your baby's bilirubin level. A bilirubin level is always needed if jaundice develops before a baby is 24 hours old.

Further tests might be needed, depending on the age of the baby, the bilirubin level as well as other factors that predispose the baby to jaundice.

When Should My Baby Get Checked For Jaundice After Leaving The Hospital?

It is important for your baby to be seen by a nurse or doctor when your baby is between 3 to 5 days old, because this is usually the time when a baby's bilirubin level is the highest.

The timing of this visit may vary depending on the age of your baby when discharged from the hospital, advice given upon discharge and other factors.

Does Breastfeeding Affect Jaundice?

Jaundice is more common in babies who are breastfed than those on formula milk. But this occurs mainly in infants who have not been nursing well.

If you are breastfeeding, you should nurse your baby at least 8 to 12 times a day for the first few days. This will help you produce enough milk and help keep baby's bilirubin level down.

If you are having difficulty breastfeeding, consult your doctor, nurse or lactation specialist for help. Breast milk is the IDEAL food for your baby.

Which Babies Require More Attention For Jaundice?

Some babies have a greater risk for high levels of bilirubin. Risk factors include:

* Prematurity
* Appearance of jaundice in the first 24 hours after birth
* Breastfeeding that is not going well
* Bruising or bleeding under the scalp, which are related to labour and delivery
* Family history of jaundice : A parent of sibling who had high bilirubin level and required light therapy
* G6PD deficiency

How Is Jaundice Treated?

If your baby's bilirubin level is high, he will need to be admitted to the hospital for phototherapy. This is done by placing your unclothed baby under special lights.

Phototherapy will lower the bilirubin level. The level at which jaundice is treated is significantly lower than those at which brain damage is a concern and treatment can help prevent the harmful effects of jaundice.

However, in some occasions, the level of jaundice may be so high that phototherapy may not be effective. A special procedure known as exchange transfusion might then be necessary.

Putting your baby in sunlight is not recommended. It does not reduce the jaundice level effectively. Moreover, newborns should never be placed under direct sunlight as they might be overheated.

When Does Jaundice Go Away?

In breastfed infants, jaundice often lasts for more than 2 to 3 weeks. In formula-fed infants, most jaundice will disappear by 2 weeks.

Please consult your doctor if your baby is jaundiced for more than 2 weeks.

Ref : http://www.kkh.com.sg

Wednesday, June 10, 2009

သားလေးအမည်ပေးပြီးပါကြောင်း

သားသား အမည်ကို ညလေး က အဂ္ဂဘုန်း (အဖိုးအနဂ္ဂထိုက်တန်ပြီး ဘုန်းလက်ရုံးနှင့် ပြည့်စုံသော) ဆိုပြီး အကြံပြုခဲ့တာလေးရွေးလိုက်ပါတယ်။ ညလေးနှင့်တကွ နိုင်းနိုင်းစနေ ရဲ့ အားလုံးသော ပရိတ်သတ်တွေကိုလည်းကျေးဇူးတင်ကြောင်းပြောပေးပါနော်။

အဂ္ဂ = မြင့်မြတ်သော၊ အညွန့် (ပါလိအဓိပါယ်)
ဘုန်း = ဘုန်းလက်ရုံးနှင့်ပြည့်စုံသော

သားလေးက ဘုန်းကြီးလို့ အောက်ကမဆင်းပဲ ဗိုက်ကဖောက်ထွက်ထားတာလို့ထင်တာပဲ။ သားအမည်အတွက်ကျေးဇူးအထူးတင်ရှိပါကြောင်း။

Monday, June 8, 2009

၈ ဇွန် ၂၀၀၉ မိသားစုအခြေအနေ

ကလေးအဖေ ဖျားနေဆဲ
ကလေးအမေ သွေးပေါင်ကျ ချုပ်ရိုးတစ်ဝက် သွေးနည်းနည်းစို့

Sunday, June 7, 2009

၇ ဇွန် ၂၀၀၉ မိသားစုအခြေအနေ

ကလေးအဖေ အထက်လှန်အောက်လျှောဖြစ်ပြီးဖျား
ကလေးအမေ ချုပ်ရိုးနည်းနည်းနာပြီး သွေးပေါင်ကျ
ကလေးအဖွား ပင်ပန်း
ကလေးအဖိုး မအိပ်ရ
ကလေးလေး ၀ါနေဆဲ သန်မာဆဲ ပါပေါက်ငို

Friday, June 5, 2009

သားသားလေးပုံများကို ကြည့်နိုင်ပါသည်။

My Little and My World

သားလေးတစ်ယောက်လူလောကထဲရောက်ပြီ


လေးရက်သာရှိသေးတဲ့ သားသားလေးပုခက်ထဲမှ စကားပြောဖို့ကျိုးစားနေသလိုလေးရက်သာရှိသေးတဲ့ သားသားလေးကို သူ့ရဲ့ ဘွားဘွားရေချိုးပေးစဉ်

သားလေး တစ်ယောက် စင်္ကာပူ (KK Women's and Children's Hospital) တွင်မွေးဖွားခဲ့ပြီ
၃၁ မေလ ၂၀၀၉ တနင်္ဂနွေ စင်္ကာပူ စံတော်ချိန် မနက် ၈ နာရီ ၅၄ မိနစ်
သားလေး မွေးချိန်ရှိ အလေးချိန် ၃.၀၆ gm
အရှည် ၄၉ cm
ခေါင်း ၃၄ cm

ပုံမှန်မမွေးနိုင်သဖြင့် ခွဲမွေးလိုက်ရပါသည်။ သားသားရော မေမေပါကျန်းမာပါကြောင်း ဘလော့ဂ်မိတ်ဆွေ ညီအစ်ကို မောင်နှမများအား အသိပေးပါသည်။ သားလေး နံမည် မပေးရသေးပါကြောင်း။