Sunday, February 8, 2009

ကိုယ်ဝန်ဆောင်များသိသင့်သော အချက်

၁။ အင်္ဂုလိမာလ သုတ် ကို ကြိုမရွတ်ရ၊ ရွတ်ခဲ့ရင် လမစေ့ပဲမွေး (ခင်ပွန်းသည်၏ မေမေကပြောပါသည်။)
၂။ အရွက်အစိမ်းတွေ မစားရ၊ စားလျှင် သွေးပေါင်တတ်ပါသည်။
သွေးပေါင် = ကလေးမွေးလျင် သွေးဆင်းများပါသည်။ (ခင်ပွန်းသည်၏ မေမေပြော)
၃။ ၀မ်းမချုပ်ရပါ။ ၀မ်းနုတ်ဆေး မစားရပါ။ ၀မ်းမှန်လိုလျင် မကျီးဖျော်ရည် လုပ်သောက်ပါ။
၎။ မိုးချုပ်လျင် ရေမချိုးရပါ။
၅။ ဒူးရင်း သီးစားလျှင် ခလေးဥာဏ် ကောင်းပါသည်။ သို့သော် ကိုယ်ဝန်ဆောင်မှာ မူလ ကတည်းက အပူလွန်း ကာ ဘုများပေါက်တတ်ပါသည်။
၆။ အုန်းရည် သည် ကိုယ်ဝန်ဆောင်၏ ရေမွာ အတွက် အလွန်ကောင်းပါသည်။ ကလေး အသားအရေ အတွက်ကောင်းပါသည်။
၇။ ငရုတ်သီး၊ အပူအစပ် ရှောင်ရပါမည်။
၈။ အညောင်းထိုင် တာရှော့၇မည်။
၉။ လမ်းများများ လျောက်ရမည်၊ မွေးဖွားလွယ်စေရန် အထောက်အကူပြုပါသည်။
၁၀။ ငှက်ပျောသီး စားလျင် ကလေးထွားပါသည်။ ကလေးထွားလျင် မွေးသောအခါ အခက်အခဲရှိနိုင်သည်။
၁၁။ ၀က်သား များများစားလျင် ကလေး ကြီးသောအခါ အစားသောက်မီးလိုတောက်သော (အစားကြူးသော) ကလေး ဖြစ်တတ်ပါသည်။
၁၂။ ကိုယ်ဝန် ၃လ ကျော်သည် အထိအထူး ဂရုစိုက်ရပါသည် ပျက်ကျရန် အင်မတန်လွယ်ကူသောကြောင့်ဖြစ်ပါသည်။ ၄လရောက်မှစကာ လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါသည်။ (လမ်းလျောက်ချင်း၊ ရေကူးချင်း သည် အလွန်ကောင်းပါသည်။) ဆရာဝန်ညွန်းကြားချက်ဖြစ်ပါသည်။
… အများကြီးကျန်အုံးမည် နောက်မှဆက်ရေးပါမည်။ သိသောသူများ ပြောပေးကြပါ။

4 comments:

မှန်ကူကွက် said...

စိတ်ကိုရှင်းရှင်းထား၊ မိခင်စိတ်ဟာ ကလေးနဲ့ တိုက်`ရိုက်ဆက်နေတယ်။ ကိုယ့်စိတ်မှာဖြစ်သမျှ ကလေးမှာသွာပြီး ထင်ဟပ်တယ်။ တခြားကလေးပုံတွေ အများကြီးကပ်ထားပြီး လျှောက်မကြည့်နဲ့။ သူတို့နဲ့ သွားတူနေတတ်တယ်။ ကိုယ့်ယောက်ျားကိုပဲ များများကြည့်။ မွေးတဲ့အခါ အရမ်းနာနေတဲ့အချိန်မှာ သတိအရဆုံးလူနဲ့ ကလေးက အများဆုံးတူမှာပဲ။ (ဟုတ်မဟုတ်တော့မသိဘူး။ ဖတ်ဖူး မှတ်ဖူးတာတွေ ခေါင်းထဲပေါ်လာသမျှ လျှောက်ရေးလိုက်တာ။ အားလုံး ဟုတ်ချင်မှလည်း ဟုတ်မှာ။)

Unknown said...

Ohh is it ok for the pregnant woman to swim? I think it'd be a bit difficult =P

Unknown said...

ကိုယ့်ယောက်ျားကိုပဲ များများကြည့်ရမယ်တဲ့။ အဟိ။

Sophia said...

အချို အစိမ့်  များသော အစားအစာ (ဥမမာ။ ကိတ်မုန့် ၊ ကွတ်ကီး) နှင့် Juice များများ စား သောက်လျှင် ကလေးအလွန်ထွားစေပြီး၊ မွေးဖွားရ ခက်တတ်သည်။
ကိုယ် ၀န် ၇လ ကျော်လျှင် ကမ္မဇ လေနှင်ဆေး (စီးတီးဟောတွှင်ဝယ်လို့ ရသည်)သောက် ခြင်းဖြင့် ကလေး တွင်မွေးလာသောအခါကလေးလေမအောင့်ပဲ ကောင်းမွန်စွာ အိပ်ပျော်စေသည်။
Good sites for ur references during pregancy and after child birth.......
- http://www.babycenter.com/pregnancy
- http://www.babycenter.com/baby
- http://www.babycenter.com/302_just-for-moms_1519291.bc
- http://i-am-pregnant.com/

ပျော်ရွှင်ချမ်းမြေ့ သောမိသားစုလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။