Wednesday, June 10, 2009

သားလေးအမည်ပေးပြီးပါကြောင်း

သားသား အမည်ကို ညလေး က အဂ္ဂဘုန်း (အဖိုးအနဂ္ဂထိုက်တန်ပြီး ဘုန်းလက်ရုံးနှင့် ပြည့်စုံသော) ဆိုပြီး အကြံပြုခဲ့တာလေးရွေးလိုက်ပါတယ်။ ညလေးနှင့်တကွ နိုင်းနိုင်းစနေ ရဲ့ အားလုံးသော ပရိတ်သတ်တွေကိုလည်းကျေးဇူးတင်ကြောင်းပြောပေးပါနော်။

အဂ္ဂ = မြင့်မြတ်သော၊ အညွန့် (ပါလိအဓိပါယ်)
ဘုန်း = ဘုန်းလက်ရုံးနှင့်ပြည့်စုံသော

သားလေးက ဘုန်းကြီးလို့ အောက်ကမဆင်းပဲ ဗိုက်ကဖောက်ထွက်ထားတာလို့ထင်တာပဲ။ သားအမည်အတွက်ကျေးဇူးအထူးတင်ရှိပါကြောင်း။

4 comments:

Thet Nandar said...

အနှစ်သာရနဲ့ ပြည့်စုံတဲ့ နာမည်ကောင်းလေးပဲ။
ဘုန်းကြီးပီး အသက်ရှည်ပါစေ သားသားလေး " အဂ္ဂဘုန်း "

ဝါ၀ါ said...

သားလေးနာမည်လေးလှတယ်အမရေ..
သားလေးဖုန်းကြီးပြီးဘ၀မှာအောင်မြင်မှုတွေရရှိနိုင်ပါစေ..

Thandar Aung said...

မသက်နန္ဒာရော မ၀ါဝါမွန် ကိုပါ ကျေးဇူးတင်ပါတယ်။ ကျွန်မကတော် သားသားလေးနဲ့ ပျော်နေပြီ။

ညလေး said...

မင်္ဂလာပါ မသန္တာ...
ကျေးဇူးပါနော်.. ညလေးပေးတဲ့နံမည် ရွေးလို့
သားလေးကို လိမ္မာယဉ်ကျေးသော မိဘကို ရိုသေသိတတ်သော အမျိုးအဆွေကို ပြန်လည်ကြည့်ရှုသော တိုင်းပြည်အတွက် အားထားရသော သားလိမ္မာလေး တစ်ယောက်ဖြစ်အောင် သွန်သင်နိုင်ပါစေ....