အငယ်ဆုံးနှစ်ယောက်စုစည်းပေါင်းဆုံကာ ၄-၅ နှစ် ရှိလာတော့ သားကလေးတစ်ယောက် ဘ၀ထဲဝင်လာတယ်။ အငယ်ဆုံးတို့ရဲ့ သဘာဝ တွေပိုင်ဆိုင်ထားတဲ့ ကျွန်မတို့နှစ်ယောက် ကလေးလိုချင်သောလည်း ကလေးရှိလာရင် ငိုမှာ ကိုကြိုတွေကာစိတ်ရှုပ်မိတယ်။ ဘယ်လိုသော ကလေးလေ တို့ဘ၀ထဲ ၀င်လာမလည်းလို့ အမြဲ စဉ်းစားမိတယ်။ တစ်ခါတရံ သူကလေးပုံဖေါ်ကြည့်မိတယ်။ဘယ်သို့သော် အကျင့်ကလေးတွေပါလာမလည်းလို့စဉ်းစားမိလေရဲ့။
အခုတော့ ကျွန်မတို့ မိသားစုဝင် အဂ္ဂဘုန်း လေးက လူတွေတွေ့ရင် ပြုံးချိုတဲ့ မျက်နှာလေးနဲ့ ရယ်ပြတတ်သလို ငိုတာတောင် မတတ်ဘူးလို့ထင်ရလောက်အောင် အငိုနည်းပါတယ်။တစ်ခါတရံ တရေးနိုးထပြီး သားသားလေးကိုကြည့်လိုက်ရင် သူက နိုးပြီးပြုံးပြနေတတ်ပြန်တယ်။
လမ်းမှာတွေ့တဲ့လူတွေကိုလည်းပြုံးပြတတ်ပြီး တွေ့တဲ့လူတွေက သူ့ကိုချစ်ကြပြန်တယ်။
သားလေးရေ မေမေ၊ ဖေဖေ တို့က သားလေးကို သိပ်ချစ်တယ်ကွယ်။
1 comment:
you feed him while he lies on the bed? I think it'll be difficult for him to swallow? usually, i can't eat when i lie down =)
Post a Comment