မိတ်ဆွေ၊ သူငယ်ချင်း၊ အစ်ကို၊ မောင်၊ နှမ အားလုံး စားသုံးကြပါကုန်။


ပဲတီပင်ပေါက်ကြော်

အားလူးကြော်၊ ဘူးသီးကြော် နဲ့ ကြက်သွန်ကြော်

ဒါလေးကတော့ ပုဇွန်ကြော်ပေါ့

ဒါကတော့ ငါးအသားတုံး ကို အတုံးသေးသေးလေးတွေတုံးပြီး ဆန်နှစ်နဲ့ကြော်ထားတာပါ။

ဒါကတော့ လျှက်တပြက် ဟင်းချိုပါ ပဲဇောင်းလျား သီးလေးတွေချိုးပြီး၊ ယောက်ခမ ပို့ပေးထားတဲ့ ငါးကျည်းခြောက်လေး ဖဲ့ထည့်ပြီးတော့ ကြက်သွန်ဖြူလေးထုထည့်ထားတာပါ။

ပဲတီပင်ပေါက် မကြော်ရသေးတာတွေပေါ့၊ အကြော်သုတ်ထဲ ထည့်သုတ်ရင်သိပ်စားလို့ကောင်းတာပေါ့။
3 comments:
မိသားစုနေ့လေးရဲ့ အကြော်စုံက ဒီမိသားစု သားအမိ သားအဖ သုံးယောက်ပဲစားကြတာပေါ့လေ။ ငယ်တို့ကိုမေ့နေပြီလား။ ရှိတ်ဆိုးတယ်။ ဟွန့်။
စိတ်မဆိုးပါနဲ့ ငယ်လေးရယ် အစ်မတို့က ညီမလေးတို့ကိုသိပ် သတိယသလို တွေ့လည်းတွေ့ချင်ပါတယ်။ သို့သော်ငြားလည်း ညီမလေးရဲ့မောင်က မလာရလို့ ရာဇသံပေးထားတယ်သိရလို့ပါ။
ချစ်ခြင်းများစွာဖြင့်
ဖြူဖြူ
သားရေကျတယ်ဗျို့........ :P
Post a Comment