Sunday, January 4, 2009

ဆရာဝန် က ပြောတယ် သားဖြစ်ဖို့ များသတဲ့

ဘုန်းကြီးဖြစ်မယ့်သားနဲ့ တူပါရဲ့၊ အသားနံ့တွေ မခံနိုင်လို့ အသီးအရွက်တွေချည်း စားနေရတယ်။ အင်း သွေးပေါင်ကလည်းကျနေတယ်။
ဆရာဝန်ပြောင်းပြီးပြရတာ မဆိုးဘူး၊ ဆရာဝန်ပေးတဲ့ စာအုပ်ထဲမှာ ကိုယ်ဝန်ဆောင် ၃၆ ပတ်အထိ ပြည်တွင်းလေယာဉ် စီးလို့ရတယ်။ ပြည်ပက ၃၂ ပတ်ဆိုတော့ ညှိရတာ ပိုအဆင်ပြေနိုင်တယ်။ ညှိလို့မရရင်တောင် ၃၂ ပတ်ဆိုတော့ မဆိုးဘူး။
ဆရာဝန်ခလည်း အတော်လေး သက်သာတယ်။ ဆရာဝန်ကပြောတယ် ကလေးက သိပ်ကျန်းမာတယ်တဲ့။ ကြည့်ရတာ ခြေထောက်နှစ်ချောင်းက ငြိမ်ကို မငြိမ်ဘူး။ ကလေးက အတော် လှုပ်လှုပ်ရှားရှား မြင်ရတော့ ကြည်နူးမိတယ်။
မေမေကတော့ ပြောတယ်၊ ဆေးခန်း ခဏခဏ မသွားနဲ့တဲ့။ ခက်တာက ဒီနိုင်ငံက အနည်းဆုံး တလတခါတော့ ပြရတယ်လေ။ ပြီးတော့ ကလေးအတွက် လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ရတယ်။
၁) ကလေးက Normal လား၊ အဓိက ကတော့ အသက်ကြီးမှ ကလေးယူတဲ့သူတွေအတွက်ပါ။
၂) အိပ်ခ်ျအိုင်ဗွီ၊ ဆီးချို စုံနေတာပဲ စစ်နေတာ။
၃) နောက်ထပ် ကလေးက နှုတ်ခမ်းကွဲနေလား၊ ခြေလက်အင်္ဂါစုံရဲ့လား စစ်ရအုံးမယ်။

တခုတော့ စဉ်းစားမိတယ၊် တကယ်လို့ ကလေးမှာ တခုခုဖြစ်နေ၊ ပါလာရင်ရော မိဘတွေက မချစ်ကြတော့ဘူးတဲ့လား။

No comments: