Sunday, January 11, 2009

မေမေနဲ့ စကားပြောဖြစ်တယ်

အမြဲတမ်း အားပေးတတ်တဲ့ မေမေ။ သတိရတယ် မေမေ။ မေမေ မှာတာတွေ များလွန်းလို့ဘာတွေ ရေးရမလည်းတောင် မသိတော့ဘူး။
အမြဲတမ်း ပေးဆပ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ မေမေ့ မေတ္တာ တွေ အမေ တစ်ယောက်ဖြစ်ဖို့ စတင်နေတဲ့ သမီး မေမေ့ အပေါ် အပြည့်အ၀ နားလည်း နိုင်ပီလား။
ငယ်စဉ်ကလေး ဘ၀ ကတည်းက မေမေဆိုတဲ့ အခေါ် တစ်ခုပဲရင်းနှီးခွင့်ရခဲ့တယ်။ ဒါက ကျွန်မဘ၀ရဲ့ ဖြစ်တည်မှူ့တစ်ခုပေါ့။ နောက်တော့ ကျွန်မ ဘ၀ အကြောင်းတွေ အပြည့်အစုံရေးဖို့ စဉ်စားမိပါရဲ့။ တစ်ချို့ သောစိတ်ဓာတ်ကျ သောသူများအတွက် အားဆေး အဖြစ်ပေါ့။

1 comment:

မဆုမွန် said...

မေမေရေ..အမေ့မေတ္တာတွေကို မိဘဖြစ်လာတော့မယ်ဆိုတော့ ပိုပြီး ခံစားတတ်လာမှာပဲနော် မဆုလဲ အမေ့ကို အရမ်းချစ်တယ်..သူ ခဏလေးလာသွားနိုင်လို့ ကိုယ့်စိတ်ထဲမှာ ငိုချင်တယ်