Saturday, January 24, 2009

သားသားလေး တဲ့

ကိုယ်ဝန် ၂၁ ပတ်ရှိပြီးမို့ ဗိုက်ထဲ့က ကလေးကို အသေးစိတ်ဆေးစစ်ချက် တွေထပ်လုပ်ပါတယ်။
အားလုံး (Normal) လို့ သိရတော့ အတိုင်းထက်အလွန် ၀မ်းသာမိတယ်။ တစ်ခုတောင် စဉ်စားမိတယ် သြော်လူတွေက (Special) ကြိုက်တက်ကြတယ်လေ ဒါမျိုး ဆိုရင်တော့ အားလုံးသော လူတွေက (Normal) ဆိုတာကိုကျွန်မလို့ပဲ မျှော်လင့်ကြမှာပဲလို့။

အမြင်မတူကြပုံ
ကျွန်မရဲ့ ခင်ပွန်းက ကလေးကို အတော်လေး သည်းပုံရပါတယ်။ (Ultrasound) ရိုက်လို့တွေ့ ရတဲ့ အရိုးစုလို ပုံလေးကြည့်ပြီး ကိုယ်တို့ သားလေးက လူချောလေး နော်တဲ့။ တကယ် ကျွန်မမြင်တာကတော့ အရိုးစု လေးပါ။

ခင်ပွန်းသည် ရဲ့ သည်းပုံလေး နည်းနည်းမျှချင်သေးတယ်
ကျွန်မရဲ့ ခင်ပွန်းသည် က ကိုယ်ဝန်ဆောင် စာအုပ်တွေဖတ်ပါတယ်။ အဲဒီတော့ ကိုယ်ဝန်ဆောင် ဖြစ်တတ်တဲ့ သွားဖုံး ကြွတာတို့ ကယ်စီယမ် နည်းပြီးသွေးထွက်တာ သိလာပါတယ်။
အဲနောက်နေ့ မှာတော့ ဖြူရေ့ ကိုယ့်သွားဖုံတွေကြွနေပြီလို့ ပြောပါတယ်။ ခင်ပွန်းသည် က အစားအသောက် ကိုတော်တော် မျိုးစုံ မက်မောတာ အိမ်ထောင်သက် ၄ နှစ်ကျော်ပြီ ဖြစ်တဲ့ ကျွန်မ သိတာပေါ့။ အိမ်မှာ ဟင်း ၃ မျိုးလောက်ရှိနေတာတောင် အမလေး ၀က်သနီ ချက်လေး စားချင်လို့ ဆိုပြီ ဆိုင်တာကာ ပတ်ရှာခဲ့တာပဲ။
ကျွန်မ ကိုယ်ဝန်ရှိလာ ချိန်မှာတော့ တစ်မျိုးပြီး တစ်မျိုး ကျွန်မခင်ပွန်းသည် စားချင်တော့တာပါပဲ။ အုန်းထမင်းစားချင်လိုက်တာတဲ့။
ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ ခင်ပွန်းသည် ကို ကိုကြီး ရူး ပီလို့ ချစ်စနိုးနဲ့ စကြပါတယ်။

အင်း ဒီနေ့လည်း ချစ်သူငယ်ချင်း အပေါင်းနဲ့ (Sentosa) သွားကြမယ်။ ကိုကြီးကတော့ ဘဲပေါင်း၊ ပဲနှပ်၊ ၀က်ကလီစာ နဲ့ ၀ီစကီတစ်လုံး ယူခဲ့မယ်ပြောထားတယ်။

ကျွန်မကတော့ ဘယ်ဘက်ခြေထောက် ကအတော်နာနေလို့ ဈေးတောင် မလိုက်နိုင်ဘူး။
ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ ဆုံရမှာ တွေပြီးပျော်နေမိတယ်။ ခင်ပွန်းသည် က အိမ်မှာပဲ အလုပ်လုပ်တဲ့သူ ဆိုတော့ သူငယ်ချင်းတွေ့ နဲ့ တွေဖို့ ကိုပဲမျှော်လင့်နေတာလေ။ သူပျော်ဖို့ အတွက် ကျွန်မပျော်တာပေါ့။

No comments: