Friday, April 10, 2009

ဗိုက်ပူမ ဘလော့ဂ် အလွမ်းပြေ

မလောဂ့်ရတာကြာသွားပြီး လွမ်းလိုက်တာ ဘလော့ဂ်မိတ်ဆွေတို့ရယ် ကျွန်မ အဖြစ်ကတော့ မနှစ်ကနဲ့ မတူပါ။ ခင်ပွန်းသည် နဲ့ အတူ အပြင်ကပြန်လာတော့ မိုးသည်းကြီးမည်းကြီး ရွာတာက အစ မိုးရွာရင် မနေနိုင်တဲ့ကျွန်မ မိုးရေထဲ့မှာ လမ်းလျှောက်ပါတယ်။ ခင်ပွန်းသည် လိုက်စွဲနေတဲ့ကြားက မိုးရေတွေထဲ့ ရွှဲရွှဲစိုပြီးပျော်နေတာပေါ့။ လုပ်ချင်တာ လုပ်ရရင် သိပ်ပျော်တာ သဘာဝပါ။

အင်း မိုးစိုရွှဲနဲ့ ကျွန်မအိမ်ပြန်ရောက်တော့ ရေချိုး လိုက်စွဲလို့မောနေတဲ့ ခင်ပွန်းသည်က သိပ်မစိုပဲ ချမ်းတယ်ဆိုပြီး ရေမချိုးခဲ့ပါ။

ဘာမှတော့ မဖြစ်ပါဘူး ပြီးခဲ့တဲ့ တစ်ပတ်က နှာမွန်ပြီး ဟတ်ခြေ တာရယ် အလုပ်ပင်းပန်းတာရယ် အိမ်ကကွန်ပြူတာရှေ့ထိုင်ခွင့် မရတာတွေကြောင့် မဘလော့ဂ်တာပါ။

ခြေထောက်တွေက ပြန်ရောင်လာပေါ့ တစ်ခါ။ သားသားက လည်း ဗိုက်ထဲ့ မှာ ဆော့ကစားနေတာပေါ့။ တစ်ခါ တစ်ခါ လမ်းလျောက်ရင် ဆက်တောင် လျောက်မရအောင် သားသားက ဗိုက်ထဲ့မှာ ကစားနေတယ်။

ကျွန်မအထင်တော့ တစ်ချိန်လုံး ကွန်ပြူတာ ရှေ့ထိုင်အလုပ်လုပ်နေရတော့ ဗိုက်ထဲမှာ မလွတ်လပ်ပဲ ကျွန်မ မတ်တပ်ရပ်တဲ့အခါများနဲ့ လှဲနေသော၊ အိပ်နေတဲ့ အခါမှာ ဗိုက်ကပိုလွတ်လပ်တယ် ထင်ပါတယ်။ ဒါကြောင့်အဲဒီ အချိန်မှ လှုပ်ရှားရတဲ့သားလေး သနားတောင်သနားမိပါရဲ့။

အော်ဒါနဲ့ ခင်ပွန်းသည်က မေးသေးတယ်ရှင့် ကိုယ်ဝန်ဆောင်ရတာ ဘယ်လိုလည်းတဲ့။ ကျွန်မကတော့ ကျွန်မခံစားရတာ အမှန်အတိုင်းဖြေလိုက်ပါရဲ့ ကိုယ်ဝန်ဆောင်ရတာလည်း ဒုက္ခပေါ့လို့။

4 comments:

မဆုမွန် said...

ဖြူရေ အအေးမိဦးမယ်နော် မိုးရွာထဲမှာ...နွေးနွေးထွေးထွေးနေပါ သား -မေမေရေ

ဟုတ်တယ် ထိုင်းနိင်ငံမှာ ဆနပြကြတိုင်း အစားအ၀ကျွေးတယ် နောက် ထိုင်းရဲတွေက ပြန်ကြောက်ရတာရယ် ပျော်စရာကြီး..

ဒါပေမယ့် အခု အနီရောင်တွေက နည်းနည်း ကြမ်းတယ်.
နည်းနည်း ကြောက်ဖို့ ကောင်းတယ်.. သူတို့က အကြမ်းဖက်ချင်တယ်လေ..

မိုးကောင်းသူ said...

အပေအတေ လင်မယားဘွဲ့ ရတာလဲ မမှတ်သေးဘူးကိုး။ နောက်ထပ် ဘွဲ့ထပ်ပေးအုံးမှ။ :D

မိဘမေတ္တာ said...

ဟုတ်ကဲ့ မဆုမွန်။ အနီရောင်တွေ အကြောင်းတော့ သတင်းတွေတွေ့မိတယ်။

မိဘမေတ္တာ said...

မိုးကောင်းသူရေ့ ပေးချင်တဲ့ဘွဲ့သာထပ်ပေးလိုက်တော့ အခုလာကြတော့လေ။ စားဖို့ အဆင်သင့်ဖြစ်နေပြီ။