
သင်္ကြန်ကျတော့ မြန်မာပြည်ကိုလွမ်းသလို ထိုင်းကိုလည်း လွမ်းမိပြန်တယ်။ အင်း… ထိုင်းကိုလွမ်းဆို ဇာတ်လမ်းလေးတွေက ရှိသကိုး…
အိမ်ထောင်အစ ထိုင်းကလို့ ပြောရမလို ကျမဘ၀ အိမ်ထောင်ဘက်ကို ထိုင်းမှာတွေ့၊ ရည်းစားစဖြစ်တော့ အိမ်ထောင်ဘက်ရဲ့ အလုပ်က လူကြီးတွေကို အသိမပေးလို့ မရဘူး၊ ဖြူ ကျင်လည်ဘူးတဲ့ အသိုင်းအ၀ိုင်းမျိုး မဟုတ်ဘူး၊ ဘာဘူး ညာဘူးနဲ့ ကျမမွေးနေ့ပွဲမှာ ရည်းစားဖြစ်နေကြောင်း အသိပေးရာက မထင်မှတ်ဘဲ မင်္ဂလာပွဲ ဖြစ်သွားလေရဲ့။


ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာပဲ ရင်းရင်းနှီးနှီး မိတ်ဆွေတွေထဲက အစ်ကိုလိုခင်ရသူတယောက် မင်္ဂလာဆောင်ဖိတ်စာ ပို့လိုက်တော့ ဖတ်ရင်း မျက်ရည်က ကျလာလေရဲ့၊ ကိုယ့်အလှည့်တုန်းက မင်္ဂလာဝတ်စုံ၊ မိဘအစုံနဲ့ မဆောင်ရလို့။
သေသေချာချာ စဉ်းစားလိုက်တော့ အဓိက,က မင်္ဂလာပွဲ မဟုတ်ပါဘဲ ချစ်ခြင်းမေတ္တာနဲ့ တယောက်ကိုတယောက် နားလည်မှုကသာ ပိုပြီးအရေးကြီးတယ်ဆိုတာ ခံစားနားလည်လာမိတယ်။

အားလုံး သင်္ကြန်နဲ့အတူ စိတ်ပုပ်တွေ၊ မကောင်းတဲ့စိတ်တွေ ဆေးကြောနိုင်ပြီး နှစ်သစ်မှာ စိတ်သစ်၊ အောင်မြင်မှု ရည်မှန်းချက်အသစ်တွေ၊ လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံနိုင်ကြပါစေ။
ဒီဘလော့ဂ်လေးပေါ်ကပဲ လာရောက်လည်ပတ်သူအားလုံးကို မေတ္တာရေအေးနဲ့ ပက်ဖျန်းလိုက်ပါတယ်။
3 comments:
ဓာတ်ပုံကြည်ရတာနဲ့တင် ပျော်စရာကြီး။
မင်္ဂလာနှစ်သစ်ပါ။
း)
မင်္ဂလာနှစ်သစ်ပါ
အမရေ
တကယ်တော့လက်ထပ်တယဆိုတာ လူ့အသိုင်းအ၀ိုင်းမှာ
နေနေလို့ လူတွေကို ကျွန်တော် ကျွန်မတို့ ချစ်ခင်ပေါင်းသင်းတော့မယ့်အကြောင်းအသိပေးခြင်းပါ အမရယ်..ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လူတွေကိုအသိပေးတာပဲ မဟုတ်လား အကြီးကျယ်ဆုံး လက်ထပ်ပွဲတွေကျင်းပပြီး ကွဲသွားတဲ့သူတွေရှိသလို ကျေနပ်သလို သေးသေးလေးလုပ်ပြီး ရာသက်ပန် သစ္စာရှိဖို့ကသာ အရေးကြီးတာပါဗျာ
Post a Comment