Friday, May 29, 2009

သားသားလေးတယောက် လူ့လောကအပြင် ရောက်တော့မယ်

ဒီနေ့ ၃၉ ပတ်ပြည့်လို့ ဆေးရုံကိုသွားပြပါတယ်။ CTG လို့ခေါ်တဲ့ စက်ကလေးနဲ့ နာရီဝက် စစ်ကြည့်ရာကနေ သားလေးလှုပ်ရှားမှုရှိကြောင်းနဲ့ မွေးတော့မယ့် အချက်အလက်တွေ ပြနေပြီဖြစ်တာ သိရပါတယ်။ ဒါနဲ့ ဒီရက်ပိုင်းအတွင်း မွေးနိုင်တယ်ဆိုတာ ဆရာဝန်က ပြောပါတယ်။ တနင်္လာမနက် ၁း၃၀ မှာ ဆေးရုံတက်ဖို့ ဆရာဝန်က ညွှန်ကြားပါတယ်။

မွေးရတာလွယ်နိုင်ကြောင်း ဆရာဝန်က ပြောပါတယ်။ သားလေးက ကျန်းမာကြောင်းလည်း ပြောပါတယ်။ ကျမကြောက်တယ်၊ ဆုတောင်းပေးကြပါအုံးနော်။

4 comments:

Thet Nandar said...

အောင်မြင် ချောမောစွာ သားသားလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ Fighting Mommy .... Fighting ကြိုးစားထား မေမေ (ကိုးရီးယားကားတွေထဲကလို) :D

မိဘမေတ္တာ said...

ကျေးဇူးပါ မသက်နန္ဒာ ရေ့

မေငြိမ်း said...

ဇွန်လမွေး တနင်္လာသားဦးလေးဖြစ်လို့ကတော့ ချစ်စရာကောင်းမှာ ဧကန်..။ အမလိုလေ.. ဟဲဟဲ..။ အမလည်း ဇွန်လမွေး သားဦး တနင်္လာဗျ.. :D
ဘာပဲဖြစ်ဖြစ်.. မိခင်ရော ကလေးပါ ကျန်းမာပါစေဗျာ..။

ရွှန်းမီ said...

မထင်မှတ်ပဲ ရောက်လာတယ်.. မွေးဖွားလွယ်ပါစေ..