Saturday, May 30, 2009

Knowing the Signs of False Labor May Save Yourself an Unnecessary Trip to the Hospital

As delivery day approaches after a long 9 months of pregnancy, many women are awaiting the day they will meet their new bundle of joy. The beginning of labor is a very exciting time, but yet it is full of new feelings and emotions. In the hustle of getting to the hospital, you should take
some time out to make sure you are in true labor and not just false labor. Your body has a way of naturally preparing for labor, and in some women that means a trial run prior to the day of delivery. By knowing if you are experiencing only false labor you can avoid a trip to the hospital that will only result in you coming home still pregnant. I'll explain the symptoms of true labor verses the symptoms of false labor so you can tell if your labor is the real thing!

Contractions occur in both true and false labor; however they are slightly different between the two. In true labor the contractions become regular and lengthen in the time they last. In false labor the contractions are very irregular and can last different lengths each time. In true labor your contractions will begin to follow a pattern such as coming every 4 minutes, lasting 30 seconds, then coming every 3 minutes, lasting 60 seconds, and so on. In false labor you may have a contraction 3 minutes apart, and then not another for 10 minutes. These contractions are not very efficient and generally are not enough to thin out and open the cervix.

False labor contractions tend to go away as you increase your activity. True labor contractions generally strengthen as you become more active. To test your contractions, try taking a walk or doing some light exercise. If the contractions go away while exercising you are probably not in labor, but if they get stronger and come closer together, you may be in true labor.

ref : http://www.associatedcontent.com

ကလေးမွေးဖို့ ဗိုက်နာသလော၊ အီးပါဖို့ ဗိုက်နာသလော

သားဦး ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးအနေနဲ့ ခွဲခြားမသိနိုင်ပါ။ သိထားသင့်သော အချက်များ
False Labor
1) Contractions don't get closer together.
2) Contractions don't get stronger.
3) Contractions tend to be felt only in the front.
4) Contractions don't last longer.
5) Walking has no effect on the contractions.
6) Cervix doesn't change with contractions.

True Labor
1) Contractions do get closer together.
2) Contractions do get stronger.
3) Contractions tend to be felt all over.
4) Contractions do last longer.
5) Walking makes the contractions stronger.
6) Cervix opens and thins with contractions.

-------- The Labor Quiz --------
1) How many stages of labor are there: Three
2) The first stage of labor is: Dilation & Effacement
3) The second stage of labor is:Pushing Stage
4) The third stage of labor is:The birth of the placenta.
5) A doula is:An experienced woman to help with childbirth.
6) Breastfeeding should begin:Immediately after birth.
7) The latest cesarean birth rate is:27%
8) VBAC is:Vaginal Birth After Cesarean
To prevent an episiotomy, the following can help:
Choosing an upright position, like squatting, standing or kneeling.
Careful, gentle massage of the skin of the perineum.
Healthy, well hydrated skin.
A patient doctor or midwife.

9) Intermmitent Electronic Fetal Monitoring is:Recommended for the average low risk labor and birth.


Ref : http://pregnancy.about.com

Friday, May 29, 2009

သားသားလေးတယောက် လူ့လောကအပြင် ရောက်တော့မယ်

ဒီနေ့ ၃၉ ပတ်ပြည့်လို့ ဆေးရုံကိုသွားပြပါတယ်။ CTG လို့ခေါ်တဲ့ စက်ကလေးနဲ့ နာရီဝက် စစ်ကြည့်ရာကနေ သားလေးလှုပ်ရှားမှုရှိကြောင်းနဲ့ မွေးတော့မယ့် အချက်အလက်တွေ ပြနေပြီဖြစ်တာ သိရပါတယ်။ ဒါနဲ့ ဒီရက်ပိုင်းအတွင်း မွေးနိုင်တယ်ဆိုတာ ဆရာဝန်က ပြောပါတယ်။ တနင်္လာမနက် ၁း၃၀ မှာ ဆေးရုံတက်ဖို့ ဆရာဝန်က ညွှန်ကြားပါတယ်။

မွေးရတာလွယ်နိုင်ကြောင်း ဆရာဝန်က ပြောပါတယ်။ သားလေးက ကျန်းမာကြောင်းလည်း ပြောပါတယ်။ ကျမကြောက်တယ်၊ ဆုတောင်းပေးကြပါအုံးနော်။

Thursday, May 28, 2009

ပီတိ ဟူသည်

ဘလော့ဂ်လေးပေါ် မရောက်တာ ကြာသွားတယ်။ ခွင့်လွှတ်ကြပါ။ ကျမ ပိတီစားပြီး၊ ဗိုက်ထဲက သားလေးအတွက် အလုပ်ရှုပ်နေလို့ပါ။ ဘာပိတီတွေ စားနေသလဲလို့ ပြောပြချင်တယ်။ ကျမရဲ့ ၀ါသနာဗီဇကို ပေါ်လွင်စေပါတယ်။ ကျမက သူများကို သိပ် ဆရာလုပ်ပါတယ် (မုန်းဖို့ကောင်းတယ်ပေါ့နော်)။ ဒါ့ပြင် အိမ်(ကျိုက်ထိုမှာ) ဆို ဗွီဒီယိုပြရင် အနီးအနားမှာရှိတဲ့ ကလေးတွေအားလုံး အိမ်ထဲမှာ အပြည်အလျှံ လာကြည့်တတ်ကြပြီး အင်္ဂလိပ်စာတမ်းထိုးဆိုရင် ကျမက မေမေတို့နဲ့ အားလုံးကို ဘာသာပြန်ပြလေ့ရှိတယ်။ ဒါကလည်း သူများတွေကို ဆရာလုပ်နည်းတမျိုးဆိုတာ မသိဘဲ ဆရာလုပ်ခဲ့ပါတယ်။

ကျမက မြန်မာပြည်မှာကတည်းက (KMD Computer Center, Software Department) က ဆရာမလေးတယောက် ဖြစ်ပါတယ်။ စာသင်တာကို အင်မတန်မှ ၀ါသနာပါပြီး တနေ့မှာ သူများ ၃ ချိန်လောက်သင်ရတာကို ကျမကတော့ ၄ ချိန်အပြည့် သင်ရတတ်ပါတယ်။ အသံတွေပျောက်ပြီး သင်တန်းသူ၊ သင်တန်းသားတွေရဲ့ ရှေ့ရောက်မှ အသံပြန်ထွက်လာတတ်ပါတယ်။ စာသင်ရတာကို ပျော်တတ်တဲ့ ဆရာမလေးတယောက်ပေါ့။

ဒီလိုနဲ့ အင်္ဂလန်ရောဂါတက်ပြီး ကျောင်းသွားတက်မယ်၊ ကျောင်းအပ်၊ အလုပ်ထွက် ဗီဇာမရတာနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ဆရာမအလုပ်နဲ့ ထွက်လာခဲ့ပါတယ်။ ဘန်ကောက်က ဆရာမအလုပ်က ကျမမျှော်လင့်ထားတဲ့ ကျောင်းသားအများကြီးကိုသင်ရတဲ့ အလုပ်မဟုတ်ဘဲ တအိမ်တည်းမှာရှိတဲ့ ကျောင်းသူ ၆ ယောက်လောက်ကို ဆရာမ ၃ ယောက်က သင်ပေးရတဲ့ (Guide) ဆရာမပုံစံမျိုးမို့ ကျမ စိတ်ဓာတ်တွေ အကြီးအကျယ် ကျသွားခဲ့တယ်။ ဒီလိုနဲ့ ကျမ ၆ လလောက်နေတော့ တခြား ကွန်ပျူတာအလုပ်တခုရတာနဲ့ ထွက်လိုက်တယ်။

အဲဒီ ကွန်ပျူတာအလုပ်မှာ ကျမရဲ့ ခင်ပွန်းသည်နဲ့ ဆုံကြလေသတည်းပေါ့။ ဒီလိုနဲ့ တခြား ကုမ္ပဏီတခုကို (Programmer) အလုပ်နဲ့ ထပ်ပြောင်းဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ တနင်္ဂနွေနေ့တွေမှာ ကျမ မြန်မာအလုပ်သမား ကျောင်းသူ ကျောင်းသားတွေကို ကွန်ပျူတာအခြေခံ သင်ပေးခွင့်ရပြန်တယ်။ ကျမရဲ့ အပျော်ဆုံးအချိန်လေးတွေ ဖြစ်ခဲ့ပြန်တာပေါ့။ ဒီလိုနဲ့ ကျမရဲ့ အလုပ်တဖက်၊ ပညာရေးတဖက်၊ ကျောင်းသူကျောင်းသားတွေတဖက်နဲ့ ခင်ပွန်းသည်ရဲ့ ပံ့ပိုးပေးမှုကြောင့် အဆင်ပြေပြေ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တယ်။ ခုချိန်ထိ ကျမရဲ့ စာသင်ပေးခဲ့ရတဲ့ ကျောင်းကလေးကို လွမ်းနေမိပြန်တယ်။

ဒီလိုနဲ့ စင်ကာပူမှာ (Analyst Programmer) - (System Analyst) အဖြစ်နဲ့ နေသည်ပေါ့။ ဒီလိုနဲ့ သားလေးတယောက်မွေးဖွားဖို့ ၈ လကျော်လာတဲ့အချိန်မှာ ထိုင်းမှာရင်နှီးခဲ့တဲ့ မိတ်ဆွေတယောက် စင်ကာပူမှာ အလုပ်ရတယ်။ သူကျွမ်းကျင်တဲ့ (Programmer) အလုပ် မဟုတ်တဲ့အခါမှာ ကျမကို အကူအညီတောင်းလာတယ်။ သူ့ရဲ့အလုပ် (Project) နဲ့ ပတ်သက်လို့ပေါ့။ အမှန်အတိုင်းပြောရရင်တော့ ကိုယ်ဝန်ဆောင် အလုပ်တဖက်နဲ့ အိမ်ပြန်ရောက်တဲ့အချိန်မှာ အနားယူချင်ပါပြီ၊ အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်းကလည်း အခက်အခဲရှိနေတော့ သူ့ (Project) ကို ရှင်းပေးရင်း အချိန်တွေ ကုန်ခဲ့ပါတယ်။ အင်မတန်မှ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားမိတ်ဆွေက သူ့ (Project) ကလေး အဆင်ပြေတာကို ၀မ်းသာနေတဲ့ သူ့ပုံစံ မြင်ရတော့ ကျမ အတိုင်းအဆမဲ့ ပီတိဖြစ်မိတယ်။ ကျမ အဲဒီပီတိမျိုး သိပ်သဘောကျတယ်။ ဒါကြောင့် ကျမဘ၀မှာ ဆရာမလုပ်ဖို့ပဲ မျှော်လင့်တယ်။

မြန်မာပြည်ပြန်မယ်၊ သင်တန်းလေးဖွင့်မယ်၊ စာသင်မယ်။ ဒါလေးက ကျမရဲ့ ဆန္ဒလေးပါ။ အခွင့်အရေးရရင် စာသင်၊ သင်တန်းကျောင်းလေးဖွင့်ဖို့ စဉ်းစားတယ်။ စင်ကာပူရောက်ခါစက (Peninsula Plaza) မှာ ပညာဒါနသင်ပေးဖို့ စုံစမ်းပြီး ကတ်ပေးခဲ့တယ်။ ဒါပေမယ့် ကျမကို မဆက်သွယ်လာခဲ့ဘူး။
ကျမ ပီတိချိုမြိန်စားခြင်းရဲ့ အရသာ သိသွားပြီမို့ နောက်ထပ် ပီတိစားဖို့ အမြဲတမ်း ပီတိစားနိုင်ဖို့ ကြိုးစားနေဦးမည်။

Monday, May 18, 2009

သားလေးမွေးဖို့ နီးလာပြီး

အင်း... မနေ့ညနေက တစ်ချက်တစ်ချက် ဗိုက်နာတယ် သားသားလေးအပြင်လောကကိုလာတော့မယ်ထင်တယ်။

သားသားလေးရေ့ မြန်မြန်လာတော့ တွေ့ချင်လှပြီး သားဖွားဖွားကလည်း တွေ့ချင်လှပြီလို့ပြောတယ်။ သားဖေဖေရောပေါ့။ အမျိုးတွေ သူငယ်ချင်းတွေလည်းတွေ့ချင်နေကြပြီး။

သားသားလေးကျန်မာဖို့ မေမေဆုတောင်းပါတယ်။ သားလေးလှုပ်ရှားမှု့နည်းရင် မေမေ့မှာ စိတ်ပူရတာ အမောပဲ။ တစ်ခါတရံလည်း သားလေးရေ ဗိုက်ပေါက်အောင်သာ လှုပ်ရှားကစားလိုက်ပါလို့ပြောမိတယ်။

Wednesday, May 13, 2009

အိမ်မှာနားနေရက် ၃ ရက်မြောက်နေ့

ဒီလိုသာနေရရင် အပျင်းရောဂါစွဲကပ်ပြီး သေနိုင်တယ်။ ငယ်စဉ်ကတည်းက တနေ့တာမှာ ၁) ပညာရရင်ရ၊ ၂) ဥစ္စာ ရရင်ရ ဒါမှမဟုတ် ၃) ကုသိုလ်ရ ဒီ ၃ ခုက တစ်ခုမှ မရရင်တော့ လူ့တိရစ္ဆာန် ဖြစ်တယ် ဆိုတာကို စွဲနေခဲ့တယ်။

တစ်နေ့တာ မေတ္တာပို့တာရယ် မေမေနဲ့ ခင်ပွန်းသည်ကို ချက်ကျွေးတာတော့ လုပ်ဖြစ်တယ်။ ကုသိုလ်ကတော့ ရမှာပါ မေတ္တာအပြည့်နဲ့ ချက်ကျွေးတာဆိုတော့ တစ်ခုပဲရှိတယ်။ လက်တွေက ရောင်နေတော့ ကိုင်ရတာ မမိတာတစ်ခုပဲ ၁၁ မေလ ၂၀၀၉ ရက်နေ့က ကြက်သားပြုတ်အိုး ကိုင်ပြီးရွေ့လိုက်တာ ပြုတ်ကျသွားတယ် (အဟိ)။ အဲဒီနေ့က ချက်လိုက်ကျော်လိုက်တာစုံနေတာပဲ ပျော်လည်းပျော်တယ်။ စာမူဆာကြော်၊ ကြက်ကိုဆန်နှစ်နဲ့ အကျွတ်ကြော်၊ အားလူးတစ်လုံးကိုလည်း ပါးပါးလှီးပြီး ဆန်နှစ်နဲ့ အကျွတ်ကြော်လိုက်သေးတယ်၊ ကြက်သွန်ကြော်လည်းပါရဲ့ ငါးဟင်းအကျန်လေး ကိုလည်း ငါးပေါင်းကြော်လုပ်လိုက်သေးတယ်။ အချဉ်ရည်ကတော့ မေမေလုပ်တယ်။
ကွမ်းစားတဲ့မေမေက အချဉ်ကြောက်တာတော့ မပြောပါနဲ့တော့။ မေမေရဲ့ အချဉ်ရည်က အငန်ရည်ဖြစ်နေတာပဲ။ စားလို့ကလည်းကောင်း။
၁၂ မေလ ၂၀၀၉ မနက်ကတော့ နနွင်းမှုန့် ပုလင်းပြုတ်ကျပြီးကွဲသွားတယ် (အဟေ့)။ ညာလက်ထိပ်က အတော့်လေး ကိုင်တာမသိဘူး၊ တံခါးတွေ၊ ရေတွေ လှည့်ဖွင့်လည်း မရဘူး။ ဆရာဝန်ကတော့ ကိုယ်ဝန်ဆောင်ပုံမှန်ပဲတဲ့၊ စိုးရိမ်စရာ မရှိပါဘူး။

ခြေထောက်လည်းဒီလိုပဲ ရောင်လိုက်တာ ၀က်ခြေထောက်ကျနေတာပဲ။ အဟဲ ဒီနေ့တော့ မေမေ့ အတွက် နေထိုင်ခွင့် သွားတိုးပြီးပြန်လာတော့ ခင်ပွန်းသည်ကြိုက်တတ်တဲ့ ၀က်သားနဲ့ ပတ်သက်လို့ ၀က်ခြေထောက်နဲ့ ၀က်သား ၀ယ်ခဲ့တယ်။ ကိုယ်ခြေထောက်ကို ပြုတ်ကျွေးသလိုတော့ ဖြစ်နေသလားပဲ။

ဒီနေ့ ၀က်ခြေထောက်စွပ်ပြုတ်လေးကို အားလူးလေးထဲ့၊ ကြက်သွန်ဥ အလုံးလိုက်လေးထဲ့၊ ကြက်သွန်ဖြူလေးထုပြီးထဲ့၊ ဂျင်းလေးလည်းပါတယ်၊ ပြီးတော့ ကြက်သွန်မိတ်ကလေး ညှပ်ထဲ့လိုက်တယ်။ အရွက်စုံကြော်လေးနဲ့ ခရမ်းချဉ်သီးလေးနဲ့ ၀က်သားအကြေလေး ကိုခြောက်ခြောက်လေးကြော်တယ်။ အားလုံးဘလော့ဂ်ပေါ်ကပဲ စားဖို့ ဖိတ်လိုက်ပါတယ်။ ချွေးသန်တဲ့ကျွန်မချွေးကျအောင် ချက်ထားတယ် ၀အောင် အားရပါးရ သုံးဆောင် ပေးကြပါ။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ချက်ပြီး စားသောက်ပြီး အိပ်တာပဲ။ စာအုပ်လေးဖတ် အခုဖတ်နေတာကတော့ ရှင်ဇနကာဘိဝံသရဲ့ ဘာသာသွေး စာအုပ်လေးပေါ့။ ပြီးခဲ့တဲ့ရက်ကတော့ ရှင်ဇနကာ ဘိဝံသရဲ့ လူ့ချမ်းသာ ဆိုတဲ့စာအုပ်လေး အရမ်းကောင်းတယ် ကိုယ်ဝန်ဆောင်တွေအတွက်ရေးထားတာပါ။ ကျွန်မ (http://www.myanmarbookshop.com/MynBookLists.aspx?intAuthorID=154) က၀ယ်တယ်။ ၁.၇၅ ဒေါ်လာ ပေးရတယ်။ မြန်မာပြည်က အိမ်အရောက် ပို့ပေးတယ် စင်္ကာပူ City Hall မှာ ၀ယ်ဒါထက်ပိုတန်တယ်။ ရှင်ဇနကာ ဘိဝံသရဲ့ တစ်ဘ၀သာသနာ ဆိုရင် ၀က်ဆိုဒ်ပေါ်မှာ ၆.၂၅ ဒေါ်လာ ကို စင်္ကာပူမှာ ၂၂ စင်္ကာပူဒေါ်လာပေးရတယ်။

ကိုယ်ဝန်ကြည်နဲ့ ကျွန်မ ဘာလေးလုပ်သင့်လည်းပြောပေးကြအုံးနော်။

Tuesday, May 12, 2009

အမေများနေ့ မှ ကျွန်မမေမေ အတွက်

ကမ္ဘာပေါ်ရှိအမေများအားလုံး လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးလိုက်ပါတယ်။ ကံကောင်းထောက်မ စွာနဲ့ ကျွန်မမေမေက အနားမှာရှိ နေချိန်ဖြစ်တယ်။ တကယ်တော့ မေမေက သူရဲ့မြေးဦး ကလေးကိုကြိုဆိုဖို့ရောက်နေတာပါ။ ကျွန်မကတော့ မေမေ့အနားမှာ နေခွင့်ရလို့ အရမ်းဝမ်းသာမိတယ်။ မေမေ့ရဲ့ ကျေးဇူးတွေပြန်စဉ်စားလိုက်ရင် ဆပ်လို့ မကုန်နိုင်။

တကယ်တော့ မေမေဟာ ကျွန်မကိုမွေးပြီး ၆လမှာပဲ ကျွန်မရဲ့ဖေဖေနဲ့ လမ်းခွဲခဲ့ကြတာပါ။ ကျွန်မအထက်မှာ အစ်ကိုနှစ်ယောက်ရှိပြီး ကလေး ၃ ယောက်ကိုမေမေ ရှာကျွေးခဲ့ပါတယ်။ ကျွန်မကိုမွေးပြီး ချိန်မှာ မေမေ အသက် ၂၅ နှစ်သာရှိပါသေးတယ်။

အစ်ကိုအကြီးဆုံးကိုတော့ မေမေရဲ့ ဒုတိယ အစ်မဆီမှာထားပါအပ်ထားပြီ အစ်ကိုအလတ်ကတော့ မေမေရဲ့ အမေ ကျွန်မတို့ ရဲ့ အဖွားဆီမှာပေါ့။ ကျွန်မကတော့ မေမေရဲ့ အစ်မ အစ်ကြီးဆုံးဆီမှာ နေခဲ့ရပါတယ်။

မေမေက အရောင်းအ၀ယ်အလုပ်ကိုလုပ်ခဲ့ပါတယ်။ တချိန်ကမော်လမြိုင်မှောင်ခိုခေတ်စား ချိန်ပေါ့ မေမေက သားသမီးတွေ မျက်နှာမငယ်ဖို့ ငွေကိုရှာပြီး အားလုံးပြည့်စုံ လုံလောက်ဖို့ ပို့ပေးခဲ့တယ်။

အခုချိန်ထိလည်းမေမေက အလုပ်လုပ်နေတုန်းပဲ လယ်လုပ်တယ်၊ ကျိုက္ကသာ ဆိပ်ကမ်းဈေးဆိုင်လေးနဲ့ သားသမီးတွေထောက်ပံ့ငွေကို စောင့်ဖို့ မလိုတဲ့အခြေအနေတစ်ခုနဲ့ နေနေတယ်။ သားသမီးတွေ ပို့ရင်လည်း မေမေကတော့ ကိုးတောင်ပြည့် ဘုရားတည်လိုက်တယ်၊ မေမေလေ သမီးတို့ပို့တဲ့ငွေနဲ့ပေါင်းပြီး ဘုရားစောင်းဒါန်းလှူတယ်… စသည် စသည် ဖြင့် မေမေ လုပ်ခဲ့ပါတယ်။

သမီးကတော့ ငယ်စဉ်အချိန်က တစ်ချို့သောကိစ္စတွေမှာ မေမေကို စိတ်ဆင်းရဲအောင်၊ စိတ်ညစ်အောင် နားမလည်မှု့မပေးနိုင်ခဲ့တာတွေရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ မေမေ့အပေါ် သမီး အားလုံးမဟုတ်တောင် အားလုံးနီးပါးနားလည်ပြီး မေမေ့ကိုစိတ်ချမ်းသာ ဖို့ သမီးစဉ်စားတတ်လာတယ်။

ခင်ပွန်းသည်ကို ကျွန်မ အိမ်ထောင်စကျခါစကတည်းက ယနေ့ထိပြောနေဆဲ စကားကတော့ မိဘ၊ ညီကိုမောင်နှမ ဆိုတာ အစားမရနိုင်ပါ။ ပေးပါကျွေးပါလို့ ကျွန်မပြောခဲ့ပါတယ်။ ဘာဖြစ်လို့လည် ကျွန်မကိုယ်တိုင် တန်းဖိုးထားတဲ့အရာတွေဖြစ်လို့လေ။ ယောက်ျား၊ မိန်းမ ဆိုတာ ထပ်ယူလို့ရပါတယ်။ မသေခင်ကျွေးကြဖို့လို့ပါတယ်။ သေမှတော့ ငိုမနေကြပါနဲ့။

ကျွန်မအတွက်တော့ ကျွန်မမေမေက ဘုရားပါပဲ။ ကျွန်မ မေမေကို သိပ်ချစ်တယ်။ ဒီပိုစ့်လေးနဲ့အတူ မေမေ ကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ကန်တော့ပါတယ်။