Wednesday, May 13, 2009

အိမ်မှာနားနေရက် ၃ ရက်မြောက်နေ့

ဒီလိုသာနေရရင် အပျင်းရောဂါစွဲကပ်ပြီး သေနိုင်တယ်။ ငယ်စဉ်ကတည်းက တနေ့တာမှာ ၁) ပညာရရင်ရ၊ ၂) ဥစ္စာ ရရင်ရ ဒါမှမဟုတ် ၃) ကုသိုလ်ရ ဒီ ၃ ခုက တစ်ခုမှ မရရင်တော့ လူ့တိရစ္ဆာန် ဖြစ်တယ် ဆိုတာကို စွဲနေခဲ့တယ်။

တစ်နေ့တာ မေတ္တာပို့တာရယ် မေမေနဲ့ ခင်ပွန်းသည်ကို ချက်ကျွေးတာတော့ လုပ်ဖြစ်တယ်။ ကုသိုလ်ကတော့ ရမှာပါ မေတ္တာအပြည့်နဲ့ ချက်ကျွေးတာဆိုတော့ တစ်ခုပဲရှိတယ်။ လက်တွေက ရောင်နေတော့ ကိုင်ရတာ မမိတာတစ်ခုပဲ ၁၁ မေလ ၂၀၀၉ ရက်နေ့က ကြက်သားပြုတ်အိုး ကိုင်ပြီးရွေ့လိုက်တာ ပြုတ်ကျသွားတယ် (အဟိ)။ အဲဒီနေ့က ချက်လိုက်ကျော်လိုက်တာစုံနေတာပဲ ပျော်လည်းပျော်တယ်။ စာမူဆာကြော်၊ ကြက်ကိုဆန်နှစ်နဲ့ အကျွတ်ကြော်၊ အားလူးတစ်လုံးကိုလည်း ပါးပါးလှီးပြီး ဆန်နှစ်နဲ့ အကျွတ်ကြော်လိုက်သေးတယ်၊ ကြက်သွန်ကြော်လည်းပါရဲ့ ငါးဟင်းအကျန်လေး ကိုလည်း ငါးပေါင်းကြော်လုပ်လိုက်သေးတယ်။ အချဉ်ရည်ကတော့ မေမေလုပ်တယ်။
ကွမ်းစားတဲ့မေမေက အချဉ်ကြောက်တာတော့ မပြောပါနဲ့တော့။ မေမေရဲ့ အချဉ်ရည်က အငန်ရည်ဖြစ်နေတာပဲ။ စားလို့ကလည်းကောင်း။
၁၂ မေလ ၂၀၀၉ မနက်ကတော့ နနွင်းမှုန့် ပုလင်းပြုတ်ကျပြီးကွဲသွားတယ် (အဟေ့)။ ညာလက်ထိပ်က အတော့်လေး ကိုင်တာမသိဘူး၊ တံခါးတွေ၊ ရေတွေ လှည့်ဖွင့်လည်း မရဘူး။ ဆရာဝန်ကတော့ ကိုယ်ဝန်ဆောင်ပုံမှန်ပဲတဲ့၊ စိုးရိမ်စရာ မရှိပါဘူး။

ခြေထောက်လည်းဒီလိုပဲ ရောင်လိုက်တာ ၀က်ခြေထောက်ကျနေတာပဲ။ အဟဲ ဒီနေ့တော့ မေမေ့ အတွက် နေထိုင်ခွင့် သွားတိုးပြီးပြန်လာတော့ ခင်ပွန်းသည်ကြိုက်တတ်တဲ့ ၀က်သားနဲ့ ပတ်သက်လို့ ၀က်ခြေထောက်နဲ့ ၀က်သား ၀ယ်ခဲ့တယ်။ ကိုယ်ခြေထောက်ကို ပြုတ်ကျွေးသလိုတော့ ဖြစ်နေသလားပဲ။

ဒီနေ့ ၀က်ခြေထောက်စွပ်ပြုတ်လေးကို အားလူးလေးထဲ့၊ ကြက်သွန်ဥ အလုံးလိုက်လေးထဲ့၊ ကြက်သွန်ဖြူလေးထုပြီးထဲ့၊ ဂျင်းလေးလည်းပါတယ်၊ ပြီးတော့ ကြက်သွန်မိတ်ကလေး ညှပ်ထဲ့လိုက်တယ်။ အရွက်စုံကြော်လေးနဲ့ ခရမ်းချဉ်သီးလေးနဲ့ ၀က်သားအကြေလေး ကိုခြောက်ခြောက်လေးကြော်တယ်။ အားလုံးဘလော့ဂ်ပေါ်ကပဲ စားဖို့ ဖိတ်လိုက်ပါတယ်။ ချွေးသန်တဲ့ကျွန်မချွေးကျအောင် ချက်ထားတယ် ၀အောင် အားရပါးရ သုံးဆောင် ပေးကြပါ။

ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ချက်ပြီး စားသောက်ပြီး အိပ်တာပဲ။ စာအုပ်လေးဖတ် အခုဖတ်နေတာကတော့ ရှင်ဇနကာဘိဝံသရဲ့ ဘာသာသွေး စာအုပ်လေးပေါ့။ ပြီးခဲ့တဲ့ရက်ကတော့ ရှင်ဇနကာ ဘိဝံသရဲ့ လူ့ချမ်းသာ ဆိုတဲ့စာအုပ်လေး အရမ်းကောင်းတယ် ကိုယ်ဝန်ဆောင်တွေအတွက်ရေးထားတာပါ။ ကျွန်မ (http://www.myanmarbookshop.com/MynBookLists.aspx?intAuthorID=154) က၀ယ်တယ်။ ၁.၇၅ ဒေါ်လာ ပေးရတယ်။ မြန်မာပြည်က အိမ်အရောက် ပို့ပေးတယ် စင်္ကာပူ City Hall မှာ ၀ယ်ဒါထက်ပိုတန်တယ်။ ရှင်ဇနကာ ဘိဝံသရဲ့ တစ်ဘ၀သာသနာ ဆိုရင် ၀က်ဆိုဒ်ပေါ်မှာ ၆.၂၅ ဒေါ်လာ ကို စင်္ကာပူမှာ ၂၂ စင်္ကာပူဒေါ်လာပေးရတယ်။

ကိုယ်ဝန်ကြည်နဲ့ ကျွန်မ ဘာလေးလုပ်သင့်လည်းပြောပေးကြအုံးနော်။

Tuesday, May 12, 2009

အမေများနေ့ မှ ကျွန်မမေမေ အတွက်

ကမ္ဘာပေါ်ရှိအမေများအားလုံး လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးလိုက်ပါတယ်။ ကံကောင်းထောက်မ စွာနဲ့ ကျွန်မမေမေက အနားမှာရှိ နေချိန်ဖြစ်တယ်။ တကယ်တော့ မေမေက သူရဲ့မြေးဦး ကလေးကိုကြိုဆိုဖို့ရောက်နေတာပါ။ ကျွန်မကတော့ မေမေ့အနားမှာ နေခွင့်ရလို့ အရမ်းဝမ်းသာမိတယ်။ မေမေ့ရဲ့ ကျေးဇူးတွေပြန်စဉ်စားလိုက်ရင် ဆပ်လို့ မကုန်နိုင်။

တကယ်တော့ မေမေဟာ ကျွန်မကိုမွေးပြီး ၆လမှာပဲ ကျွန်မရဲ့ဖေဖေနဲ့ လမ်းခွဲခဲ့ကြတာပါ။ ကျွန်မအထက်မှာ အစ်ကိုနှစ်ယောက်ရှိပြီး ကလေး ၃ ယောက်ကိုမေမေ ရှာကျွေးခဲ့ပါတယ်။ ကျွန်မကိုမွေးပြီး ချိန်မှာ မေမေ အသက် ၂၅ နှစ်သာရှိပါသေးတယ်။

အစ်ကိုအကြီးဆုံးကိုတော့ မေမေရဲ့ ဒုတိယ အစ်မဆီမှာထားပါအပ်ထားပြီ အစ်ကိုအလတ်ကတော့ မေမေရဲ့ အမေ ကျွန်မတို့ ရဲ့ အဖွားဆီမှာပေါ့။ ကျွန်မကတော့ မေမေရဲ့ အစ်မ အစ်ကြီးဆုံးဆီမှာ နေခဲ့ရပါတယ်။

မေမေက အရောင်းအ၀ယ်အလုပ်ကိုလုပ်ခဲ့ပါတယ်။ တချိန်ကမော်လမြိုင်မှောင်ခိုခေတ်စား ချိန်ပေါ့ မေမေက သားသမီးတွေ မျက်နှာမငယ်ဖို့ ငွေကိုရှာပြီး အားလုံးပြည့်စုံ လုံလောက်ဖို့ ပို့ပေးခဲ့တယ်။

အခုချိန်ထိလည်းမေမေက အလုပ်လုပ်နေတုန်းပဲ လယ်လုပ်တယ်၊ ကျိုက္ကသာ ဆိပ်ကမ်းဈေးဆိုင်လေးနဲ့ သားသမီးတွေထောက်ပံ့ငွေကို စောင့်ဖို့ မလိုတဲ့အခြေအနေတစ်ခုနဲ့ နေနေတယ်။ သားသမီးတွေ ပို့ရင်လည်း မေမေကတော့ ကိုးတောင်ပြည့် ဘုရားတည်လိုက်တယ်၊ မေမေလေ သမီးတို့ပို့တဲ့ငွေနဲ့ပေါင်းပြီး ဘုရားစောင်းဒါန်းလှူတယ်… စသည် စသည် ဖြင့် မေမေ လုပ်ခဲ့ပါတယ်။

သမီးကတော့ ငယ်စဉ်အချိန်က တစ်ချို့သောကိစ္စတွေမှာ မေမေကို စိတ်ဆင်းရဲအောင်၊ စိတ်ညစ်အောင် နားမလည်မှု့မပေးနိုင်ခဲ့တာတွေရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ မေမေ့အပေါ် သမီး အားလုံးမဟုတ်တောင် အားလုံးနီးပါးနားလည်ပြီး မေမေ့ကိုစိတ်ချမ်းသာ ဖို့ သမီးစဉ်စားတတ်လာတယ်။

ခင်ပွန်းသည်ကို ကျွန်မ အိမ်ထောင်စကျခါစကတည်းက ယနေ့ထိပြောနေဆဲ စကားကတော့ မိဘ၊ ညီကိုမောင်နှမ ဆိုတာ အစားမရနိုင်ပါ။ ပေးပါကျွေးပါလို့ ကျွန်မပြောခဲ့ပါတယ်။ ဘာဖြစ်လို့လည် ကျွန်မကိုယ်တိုင် တန်းဖိုးထားတဲ့အရာတွေဖြစ်လို့လေ။ ယောက်ျား၊ မိန်းမ ဆိုတာ ထပ်ယူလို့ရပါတယ်။ မသေခင်ကျွေးကြဖို့လို့ပါတယ်။ သေမှတော့ ငိုမနေကြပါနဲ့။

ကျွန်မအတွက်တော့ ကျွန်မမေမေက ဘုရားပါပဲ။ ကျွန်မ မေမေကို သိပ်ချစ်တယ်။ ဒီပိုစ့်လေးနဲ့အတူ မေမေ ကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ကန်တော့ပါတယ်။

Wednesday, April 22, 2009

Let's Play

ရဟန္တာ ကောင်းကင်ကကြွနေသည်ကိုဖူးချင်သူများ

သင်္ကြန် အကြိုနေ. နေ.လည် 3 နာရီကျော်လောက်က ရန်ကုန်
မြို. မြောက်ဒဂုံ မှာဖူး ရတာလို. ပြောပါတယ်...

Thursday, April 16, 2009

သင်္ကြန် သင်္ကြန် သင်္ကြန် ၂၀၀၉…


သင်္ကြန်ကျတော့ မြန်မာပြည်ကိုလွမ်းသလို ထိုင်းကိုလည်း လွမ်းမိပြန်တယ်။ အင်း… ထိုင်းကိုလွမ်းဆို ဇာတ်လမ်းလေးတွေက ရှိသကိုး…
အိမ်ထောင်အစ ထိုင်းကလို့ ပြောရမလို ကျမဘ၀ အိမ်ထောင်ဘက်ကို ထိုင်းမှာတွေ့၊ ရည်းစားစဖြစ်တော့ အိမ်ထောင်ဘက်ရဲ့ အလုပ်က လူကြီးတွေကို အသိမပေးလို့ မရဘူး၊ ဖြူ ကျင်လည်ဘူးတဲ့ အသိုင်းအ၀ိုင်းမျိုး မဟုတ်ဘူး၊ ဘာဘူး ညာဘူးနဲ့ ကျမမွေးနေ့ပွဲမှာ ရည်းစားဖြစ်နေကြောင်း အသိပေးရာက မထင်မှတ်ဘဲ မင်္ဂလာပွဲ ဖြစ်သွားလေရဲ့။

သြော် တရားဝင်ဖြစ်မှ ကောင်းပါမယ်ဆိုတော့ မဲဆောက်မှာ လက်မှတ်ဆင်းထိုးကြပြန်တော့ မိဘ၊ အစ်ကို၊ မောင်နှမ မပါ၊ မိတ်ဆွေများနဲ့ ပျော်ရွှင်စွာ ပြီးသွားပါရဲ့။ ပျော်လိုက်တာလည်း မပြောပါနဲ့၊ ရေပူစမ်း၊ ရေအေးစမ်း၊ တောင်ကုန်းတွေလည်း တက်ခဲ့တယ်။ ဒီလိုနဲ့ ဒါလေးတွေ မေ့တဲ့အခါ မေ့နေပြီ။

ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာပဲ ရင်းရင်းနှီးနှီး မိတ်ဆွေတွေထဲက အစ်ကိုလိုခင်ရသူတယောက် မင်္ဂလာဆောင်ဖိတ်စာ ပို့လိုက်တော့ ဖတ်ရင်း မျက်ရည်က ကျလာလေရဲ့၊ ကိုယ့်အလှည့်တုန်းက မင်္ဂလာဝတ်စုံ၊ မိဘအစုံနဲ့ မဆောင်ရလို့။
သေသေချာချာ စဉ်းစားလိုက်တော့ အဓိက,က မင်္ဂလာပွဲ မဟုတ်ပါဘဲ ချစ်ခြင်းမေတ္တာနဲ့ တယောက်ကိုတယောက် နားလည်မှုကသာ ပိုပြီးအရေးကြီးတယ်ဆိုတာ ခံစားနားလည်လာမိတယ်။

၂၀၀၅ သင်္ကြန်ရဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်ရင်း လွမ်းနေမိတယ်။ ဒီနှစ်တော့ ဗိုက်ထဲက သားသားလေးကို တိုက်မိမှာစိုးလို့ လူများတဲ့နေရာတွေ မသွားဘဲ အိမ်မှာပဲ သင်္ကြန်ကျပါတယ်။ အလုပ်ကလည်း မပိတ်ဘူးလေ။
အားလုံး သင်္ကြန်နဲ့အတူ စိတ်ပုပ်တွေ၊ မကောင်းတဲ့စိတ်တွေ ဆေးကြောနိုင်ပြီး နှစ်သစ်မှာ စိတ်သစ်၊ အောင်မြင်မှု ရည်မှန်းချက်အသစ်တွေ၊ လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံနိုင်ကြပါစေ။

ဒီဘလော့ဂ်လေးပေါ်ကပဲ လာရောက်လည်ပတ်သူအားလုံးကို မေတ္တာရေအေးနဲ့ ပက်ဖျန်းလိုက်ပါတယ်။

Friday, April 10, 2009

ဗိုက်ပူမ ဘလော့ဂ် အလွမ်းပြေ

မလောဂ့်ရတာကြာသွားပြီး လွမ်းလိုက်တာ ဘလော့ဂ်မိတ်ဆွေတို့ရယ် ကျွန်မ အဖြစ်ကတော့ မနှစ်ကနဲ့ မတူပါ။ ခင်ပွန်းသည် နဲ့ အတူ အပြင်ကပြန်လာတော့ မိုးသည်းကြီးမည်းကြီး ရွာတာက အစ မိုးရွာရင် မနေနိုင်တဲ့ကျွန်မ မိုးရေထဲ့မှာ လမ်းလျှောက်ပါတယ်။ ခင်ပွန်းသည် လိုက်စွဲနေတဲ့ကြားက မိုးရေတွေထဲ့ ရွှဲရွှဲစိုပြီးပျော်နေတာပေါ့။ လုပ်ချင်တာ လုပ်ရရင် သိပ်ပျော်တာ သဘာဝပါ။

အင်း မိုးစိုရွှဲနဲ့ ကျွန်မအိမ်ပြန်ရောက်တော့ ရေချိုး လိုက်စွဲလို့မောနေတဲ့ ခင်ပွန်းသည်က သိပ်မစိုပဲ ချမ်းတယ်ဆိုပြီး ရေမချိုးခဲ့ပါ။

ဘာမှတော့ မဖြစ်ပါဘူး ပြီးခဲ့တဲ့ တစ်ပတ်က နှာမွန်ပြီး ဟတ်ခြေ တာရယ် အလုပ်ပင်းပန်းတာရယ် အိမ်ကကွန်ပြူတာရှေ့ထိုင်ခွင့် မရတာတွေကြောင့် မဘလော့ဂ်တာပါ။

ခြေထောက်တွေက ပြန်ရောင်လာပေါ့ တစ်ခါ။ သားသားက လည်း ဗိုက်ထဲ့ မှာ ဆော့ကစားနေတာပေါ့။ တစ်ခါ တစ်ခါ လမ်းလျောက်ရင် ဆက်တောင် လျောက်မရအောင် သားသားက ဗိုက်ထဲ့မှာ ကစားနေတယ်။

ကျွန်မအထင်တော့ တစ်ချိန်လုံး ကွန်ပြူတာ ရှေ့ထိုင်အလုပ်လုပ်နေရတော့ ဗိုက်ထဲမှာ မလွတ်လပ်ပဲ ကျွန်မ မတ်တပ်ရပ်တဲ့အခါများနဲ့ လှဲနေသော၊ အိပ်နေတဲ့ အခါမှာ ဗိုက်ကပိုလွတ်လပ်တယ် ထင်ပါတယ်။ ဒါကြောင့်အဲဒီ အချိန်မှ လှုပ်ရှားရတဲ့သားလေး သနားတောင်သနားမိပါရဲ့။

အော်ဒါနဲ့ ခင်ပွန်းသည်က မေးသေးတယ်ရှင့် ကိုယ်ဝန်ဆောင်ရတာ ဘယ်လိုလည်းတဲ့။ ကျွန်မကတော့ ကျွန်မခံစားရတာ အမှန်အတိုင်းဖြေလိုက်ပါရဲ့ ကိုယ်ဝန်ဆောင်ရတာလည်း ဒုက္ခပေါ့လို့။

Saturday, April 4, 2009

နေခဲ့တဲ့မြို့ ကလေးကို လွမ်းဆွတ်ခြင်း အမှတ်တရ

ကျွန်မ ၆ တန်းနှစ်ကစလို့ ကျိုက်ထိုမှာနေခဲ့ပါတယ်။ အေးချမ်းတဲ့မြို့ကလေးလို့ဆိုရမှာပေါ့။ ၆ တန်းနှစ်မှာ ၈၈ အရေးအခင်းဖြစ်တော့ ကျိုက်ထိုက အညိုရောင် နယ်မြေမှာပါပါတယ်။ ညနေ ၆ နာရီဆို ကားတွေဖြတ်လို့မရတော့ပါဘူး။ သိမ်ဇရပ် တံတားကနေ စပိတ်လိုက်တာပါ။
ရန်ကုန်ကနေလာမယ်ဆိုရင် ၄ နာရီကျော်လောက်ကားစီးရပါတယ်။ ရန်ကုန်-ကျိုက်ထို ၆၅ မိုင်အကွာအဝေးရှိပါတယ်။
ကျိုက်ထိုကမွန်ပြည်နယ်ပိုင်ပေါ့ ကျိုက်ထိုမြို့လေးက မကျယ်ဝန်းပေမဲ့ အနီးအနားရွာတွေနဲ့ ပေါင်းရင်တော့အတော်များတယ်။ ကော့ထင်းရွာ၊ကျိုက္ကသာ၊ ခလွန်၊ စက်လှေနဲ့သွားလို့ရသေး တဲ့နေရာတွေလည်း အများကြီးပဲပေါ့။
ကျွန်မ မေမေကတော့ ကျိုက္ကသာ ဇာတိပေါ့။ အင်း သိကြမလား အသားမင်းသား အဲ့ဒီမင်းသားတည်ထားတဲ့ ဆုတောင်းပြည့်ဘုရားရှိတယ်။ ပြီးတော့ နန်းတော်မြို့ဟောင်းရဲ့မြို့ရိုးတွေတူးဖော်တွေ့ရှိတယ်လို့လည်းဆိုတယ်။ သိတော့များများစားစားတော့ မသိပါဘူး။ သိတာကတော့ ကျိုက္ကသာသူတွေက သိပ်ချောကြတယ်။ ရေက အင်မတန်မှကောင်းတယ်။ အဓိက လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်း နဲ့ ရေလုပ်ငန်းတွေလုပ်ကြတယ်။
ကျောင်းကတော့ အလယ်တန်းကျောင်းအထိပဲရှိတယ်။ အထက်တန်းရောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသား အားလုံး ကျိုက်ထိုမှာပဲလာတက်ကြတယ်။

ကျိုက်ထိုမှာကတော့ အထက်တန်းကျောင်းနှစ်ကျောင်းရှိတယ်။ အထက ၁ နဲ့ ၂ ပေါ့ (အခုအခေါ်) အရင်ကတော့ အထက ၁ ကို ရှမ်းဈေးကျောင်း လို့ခေါ်ပြီ အထက ၂ ကိုတော့ ကော့စံနိုင်ကျောင်းလို့ခေါ်ပါတယ်။ ဈေးကနှစ်ခုရှိတယ် ရှမ်းဈေးနဲ့ ဈေးကြီးပေါ့။ နေ့တစ်ဝက်ပဲဖွင့်တဲ့ တစ်ခြား ရုပ်ရှင်ဈေးတွေလည်းရှိသေးတယ်။

ကျွန်မကတော့ ကော့စံနိုင်ရပ်ကွက်မှာ နေပြီး ကော့စံနိုင်ကျောင်းမှာတက်တဲ့သူပေါ့။ ကျိုက်ထိုမြို့ရဲ့ စီးပွားရေးအများစုကတော့ ကျိုက်ထီးရိုး ဘုရားပေါ်မှာ ဈေးဆိုင်ဖွင့်၊ ဈေးရောင်းကြတဲ့အလုပ်ပါပဲ။
အော်ဒါနဲ့ ဘုရားပေါ်မှာ ဈေးရောင်းချင်တိုင်းရောင်းခွင့်မရှိဘူးနော် အဟဲ လေလံဆွဲရတယ်ရှင့်။ ထမင်းဆိုင်တစ်ဆိုင်ကို သိန်း ၁၀၀၀ ဆိုင် အရှေ့ဘက်ရောက်ရင်ရောက် သလိုပေးရပါတယ်။
ကွမ်းရာဆိုင်လေးတွေတောင် အနည်းဆုံး ၁၀ သိန်းလောက်ရှိတယ်ရှင့်။ ကျွန်မတို့မြို့မှာ စာဆိုရှိတယ် ဘုရားလူကြီး (ဂေါပကလူကြီး) တွေကိုသေတာတောင် ဗိုက်ကမကျော်ကောင်းဘူးတဲ့ အဟဲ။ ဘုရားပိုက်ပိုက်တွေ စားထားကြတဲ့သဘောပေါ့။
အင်း ကျွန်မတို့ အိမ်ကလား ရန်ကုန်ကနေကနဲ့ ဘုရားဖူးလာရင် အိမ်ရှေ့ကဖြတ်မှ သွားလို့ရတယ်ရှင့်။
ကျိုက်ထီးရိုးရောက်ဖူးတဲ့အကြိမ်အရေအတွက် အတိအကျတော့မမှတ်မိဘူး ၁၉၉၇ တစ်နှစ်ထဲ့မှာတော့ သက္ကသိုလ်ကျောင်းတော့ကြီးက ပိတ်လို့ ချစ်သူငယ်ချင်းအပေါင်း လာလည်သမျှလိုက်ပို့ရတာ ၇ ခေါက်ထက်မနည်းပါဘူး။
အိမ်မှာက ရှပ်အင်္ကျီချုပ်ဆိုင်လေးရှိတယ်။ ကျိုက်ထီးရိုးတောင်တက် ကားလေးရှိတယ်။
လာလည်ကြရင်ပြောလေ ကျွန်မ ကတော့ မရှိဘူး။
ကျိုက်ထီးရိုးရောက်ရင် ဈေးကြီးတာ အပြစ်မဆိုကြပါနဲ့နော် သူတို့တွေအစိုးရကို နှစ်စဉ် လေလံပေးကြရတယ်ရှင့်။ အယ်ဒီပိုက်ပိုက်တွေ ဘယ်ရောက်သွားလည်းကျွန်မလည်း မသိဘူး။
အော်ကျိုက်ထီးရိုးရောက်ရင် တောင်ပေါ်သားဈေးလို့ပြောရင် ဈေးသက်သာပါတယ်။ ဒါကတော့ စကားဝှက်လို့ပဲပြောရမလား။ တောင်ပေါ်သား ဆိုတာ ကျိုက်ထိုကလူ တွေလိုပြောတာပါ။
အခုတော့ မသိတော့ဘူးနော် အရင်ကအဲလိုပြောရင်ရတယ် ကျိုက်ထိုမရောက်တာတောင်နှစ်အတော်ကြာပေါ့။
ကော့စံနိုင် (ဇီဇ၀ါမြောက်) လမ်းကြားက မညိုအသုပ်၊ မုန့်ဟင်းခါး၊ အကြော်စုံဆိုင်ကိုလွမ်းတယ်။ အန်တီဝင်းရဲ့ ၀က်သားပြာရည်ထုပ် စားချင်တယ်။ လွမ်းတယ် ………………….
မြန်မာပြည်ကို လွမ်းတယ် ……………….