Tuesday, March 24, 2009

ဘလော့ဂ်လိုက်မယ်နော်

အိပ်မပျော်တိုင်း စိတ်ကူးထဲ့မှာဘလော့ဂ်တွေရေးတယ်။
တရားထိုင်လည်း ဘလော့ဂ်တွေရေးနေတယ်။
ဘယ်လိုလုပ်ကြမလည်း။

ခုလည်း မနက် ၂း၃၀ ကတည်းက ဗိုက်ထဲ့က ဗိုလ်ချုပ်လေးကနိုးနေလို အိပ်မရတာရယ်၊ အိပ်မရလို့ စိတ်ကူးနဲ့ဘလော့ဂ်နေတာနဲ့ လက်တွေ့ ဘလော့ဂ်လုပ်နေမိတယ်။
ညနေက မစားလိုက်ရတဲ့ ချစ်သူ့လက်ရာ ငါးဟင်းလေးနဲ့ ထမင်းလေးစားရင်း ဘလော့ဂ်နေတယ်။ စားကြပါအုံးမိတ်ဆွေတို့ရေ့။

မိတ်ဆွေတို့လည်း ထိန်းသိမ်းရခက်တဲ့စိတ်ကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်ကြပါစေလို့ဆုတောင်းရင်း ………..

ပြန်အိပ်လိုက်အုံးမယ် …. မနက် အလုပ်ဆင်းရမယ် … ခေါင်ကြည်မှ ပရိုဂရမ်တွေကရေးလို့ရမှာ ……..

2 comments:

မဆုမွန် said...

ဘ၀တူတွေပဲကွယ့်
အိပ်ယာနိုးလည်း ဘလော့ အိပ်ယာဝင်လည်း ဘလော့ အိမ်မက်ထဲလည်း ဘလော့ အင်တာနက် စတက်တာနဲ့ ဘလော့ ထမင်းစားရင်းလည်း ဘလော့ ကော်ဖီသောက်ရင်းလည်း ဘလော့ ..ဘလော့ ဘလော့
ကိုယ်ဝန်ကြီးနဲ့ မေမေကို ကြည့်ရတာ မိခင်လောင်းတစ်ယောက်ရဲ့ အလှနဲ့ ပြည့်စုံ ကျက်သရေ ရှိပါပေရဲ့
မေမေရော ရင်သွေးလေးရော ကျမ်းမာပါစေရှင့်

Unknown said...

မဆုမွန်ရေ့ ဆုမွန်ကောင်းခြွေပေးတာရော၊ အလည်လာတာ ကျေးဇူးပါရှင်။
ချစ်ခင်လျက်