

သားသားလေးရေ့ ဗိုက်ထဲ့မှာနေရတာ အနေခက်ရှာမှာပဲနော်။ အင်း မေမေ့ အလုပ်ကလည်း မနက် ၉း၀၀ နာရီက စထိုင်လိုက်တာ တစ်ခါတရံ ည ၁၁ နာရီတောင်ဖြစ်တယ်။ ဒါတောင်ပိုင်ရှင်က (Research) လုပ်ပါအုံးဆိုတယ်။ အင်း ဒီအတိုင်းဆို (Project) အသစ်တွေမှာ မထဲ့ဖို့ ပိုင်ရှင်ကို သွားတွေ့ခဲ့တယ် မထူးခြားပါဘူး သားရယ် ပင်ပန်းလို့ စောစော နားချင်နားပါတဲ့ ဒါပေမဲ့ ဒီ (Project) မှာတော့ လုပ်ပေးပါအုံးတဲ့။ ဒါနဲ့ပဲ ဆက်လုပ်ပေါ့။
အင်းပိုင်ရှင်က ဒီနှစ် (Bonus) မပေးဘူး။ အင်း တကမ္ဘာလုံးစီးပွားရေးကျနေတဲ့ အချိန်ဆိုတော့ လည်း အလုပ်မဖြုတ်တာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
ကိုယ်ဝန်နဲ့ဆိုတော့ တစ်ခြား အလုပ်ရှာဖို့ မဖြစ်နိုင်။ ဒီနိုင်ငံ ဥပဒေ အရ ရက်ပေါင်း (၁၆၀) အလုပ်လုပ်ထားမှ မီးဖွားခွင့်ရမှာ ဆိုတော့။ အင်းသားလေးရေ့ ကြိုးစားရအုံးမှပေါ့။
1 comment:
သားလေးကို မြင်ရတော့ စိတ်ထဲ ဘယ်လိုနေလဲဟင်..
အသည်းယားစရာလေးနော် အပြင်ရောက်လာရင် မေမေတော့ ဘလော့နိုင်တော့မယ် မထင်ဘူး သားသားလေးအကြောင်းကိုတော့ ပြောပြပေးပေါ့...
သားလေးသာ ပြောတယ် မေမေ့မျက်နှာက နုပြီးတော့ ချစ်စရာလေးပဲ.. ( ကော်ပြန့်စိမ်းစားချင်လို့)
Post a Comment