Monday, March 30, 2009

ကိုယ်ဝန် ၈ လ ထဲ့မှာရောက်နေပြီ

၂၇ မတ် ၂၀၀၉ မှာ ဆရာဝန်နဲ့ သွားတွေ့ရတယ်။ သားလေးက အခုဆိုဗိုက်ထဲ့မှာ ၁.၆ ကေဂျီ ရှိနေပြီ ဆိုပဲ။ ကျန်းမာသန်စွမ်းတဲ့ သားလေးပါတဲ့။
စိတ်ထဲ့မှာ အတော်လေး လန်းလန်းဆန်းဆန်းရှိတယ်။ ဘာလို့လည်းဆိုတော့ လမပြည့်တဲ့ ကလေးမျိုးမွေးဖို့ မဖြစ်နိုင်တော့ဘူးလေ။
သားလေး ဖွားဖွား ကတော့ပြောပါတယ်၊ ငါတို့မှာ လမပြည့်ပဲမွေးတဲ့ မျိုးရိုး မရှိပါဘူအေတဲ့ (သတိရလိုက်တာ မေမေရယ်၊ အဝေးကနေပဲ ကန်တော့လိုက်ပါတယ်)။
ဒီတခေါက် ဆရာဝန်ဖိုးနဲ့ ဆေးဖိုး စင်္ကာပူ ၂၀၀ လောက်ကျသွားတယ်။
ချစ်တဲ့ ခင်ပွန်းသည်က သောကြာနေ့ဆိုမအားတော့ မလိုက်နိုင်ဘူးလေ။ မိုးကောင်းသူ အဖော်လိုက်ပေးတာ ကျေးဇူးတင်ကြောင်း ဒီပိုစ့်လေးနဲ့ပြောပါစေ။ ဗိုက်ထဲ့က သားသားလေးကလည်း အန်တီ မိုးကောင်းသူကိုကျေးဇူးတင်ပါတယ်တဲ့။

2 comments:

မဆုမွန် said...

သားလေး ကျမ်းမာစွာနဲ့ လူ့လောကထဲကို ငြိမ်းချမ်းစွာနဲ့ ၀င်ရောက်လာအောင် မေတ္တာပို့ ဆုတောင်းပေးနေမယ်နော်

မိဘမေတ္တာ said...

ကျေးဇူးပါ မဆုမွန်ရေ့ နည်းနည်းနေမကောင်းလို့ စာပြန်တာနောက်ကျသွာတယ်ခွင့်လွတ်ပါနော်။